Tuesday, August 11, 2015

ရေဝင်အိမ်ထောင်စုများအား နယ်လှည့် ကွင်းဆင်းကုသ



ဆင်ပေါင်ဝဲ သြဂုတ် ၁၁

ဆင်ပေါင်ဝဲမြို့နယ် ကျွန်းကျေးရွာ ဓမ္မသုခ တရားရိပ်သာတွင် ယနေ့နံနက် (၁၁)နာရီက ရေဝင် အိမ်ထောင်စုများအား မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးကုသပေးခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ကြရာ ရှေးဦးစွာ မြို့နယ် တိုင်းရင်း ဆေးမှူး ဒေါ်ရီရီလွင်က တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောပြီး မြို့နယ်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က သဘာဝဘေး အန္တရာယ် ဆိုင်ရာ သိမှတ်ဖွယ်ရာ ဗဟုသုတများကို ဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် မိုးလေဝသ သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ရေဒီယိုတစ်လုံးအား ကျေးရွာ ရာအိမ်မှူး ဦးအုန်းကျော်ထံ လှူဒါန်းပါသည်။

ဆက်လက်၍ တိုင်းရင်းဆေးကုဌာနဝန်ထမ်းများက ဆေးကုသခြင်းတို့ ဆောင်ရွက် ကြပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်ပေး ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment