မြန်အောင် သြဂုတ် ၈
မြန်အောင်မြို့နှင့်
ကြံခင်းမြို့ပေါ်ရှိ ရေဘေးရှောင် ကယ်ဆယ်ရေး စခန်းများသို့ သြဂုတ်လ ၈ ရက်နေ့က ရထား ပို့ဆောင်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်တို့ လာရောက်၍ ရေဘေးရှောင်
ပြည်သူများကို အားပေးစကား ပြောကြားပြီး နေထိုင် စားသောက်ရေး အဆင်ပြေမှု ရှိ/မရှိ ကြည်ရူ့၍
ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ်တွင်
ရေဘေးရှောင်ကယ်ဆယ်ရေး စခန်း (၃၂) ခု သို့ လာရောက်နေထိုင်သူ အိမ်ထောင်စုပေါင်း (၁၇၀၃)စု
၊ ၁၂ နှစ်အထက် (၄၁၆၄) ဦး၊ ၁၂ နှစ်အောက် (၁၈၇၂) ဦး စုစုပေါင်း လူဦးရေ (၆၀၃၆) ဦးရှိကြောင်း
သိရှိ ရသည်။
ကြံခင်းမြို့နယ်တွင်
ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၉)ခု သို့ လာရောက်နေထိုင်သူ အိမ်ထောင်စု ပေါင်း (၇၀၃)စု၊
၁၂ နှစ်အထက် (၁၇၁၆) ဦး၊ ၁၂ နှစ်အောက် (၅၄၇) ဦး စုစုပေါင်း လူဦးရေ (၂၂၆၃) ဦး ရှိကြောင်း
သိရှိရသည်။

No comments:
Post a Comment