Saturday, August 8, 2015

ရေဘေးကြောင့် စားနပ်ရိက္ခာအခက်အခဲရှိသော ရခိုင်ပြည်နယ်သို့ စစ်ရေယာဉ်များဖြင့် ဆန်တင်ပို့နေ


ရန်ကုန် သြဂုတ် ၇
ရေဘေးအန္တရာယ်ကြောင့် စားနပ် ရိက္ခာအခက်အခဲရှိသော ရခိုင်ပြည်နယ်သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် များဖြင့် ဆန်တင်ပို့နေကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည် များအသင်းမှ သိရသည်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရာ လတ်တလော စားနပ် ရိက္ခာလိုအပ်မှုရှိနေသော ရခိုင် ပြည်နယ်ဘက်သို့ မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်များဖြင့် ဆန်အပါ အဝင် ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင် လျက်ရှိသည်။ တပ်မတော်ရေမှ စစ်ရေယာဉ်များသည် သြဂုတ် ၅ ရက် တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး သြဂုတ် ၇ ရက်တွင် စစ်တွေသို့ ရောက်ရှိခဲ့သည်။ ဆန်နှင့်ထောက်ပံ့ရေးပစ္စည်းများကို သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများထံ ထောက်ပံ့ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပို့ဆောင်မည့် ဆန်အိတ် ၆ဝဝဝ ကို သြဂုတ် ၇ ရက် တွင် စစ်ရေ ယာဉ် အောင်ဇေယျဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပို့ဆောင် သွားမည်ဖြစ်ပြီး သြဂုတ် ၉ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်အပါအဝင် မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း၊ အသင်း အဖွဲ့များ၊ ကုမ္ပဏီများ၊ အလှူ ရှင်များ ပူးပေါင်းလှူဒါန်းသည့် ဆန်အိတ် ၃ဝဝဝဝ ကိုလည်း တပ်မ တော်ရေမှ စစ်ရေယာဉ်များဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပေးပို့သွားမည်ဖြစ်ရာ မကြာမီရက်ပိုင်း အတွင်း ဆန်အိတ် ပေါင်းသောင်းကျော် ရောက်ရှိသွားမည်ဖြစ်၍ ဆန်ဖူဖူလုံလုံ ရှိမည်ဖြစ်ပြီး စားနပ်ရိက္ခာ လုံလောက်မှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
''ဒီနေ့ စစ်ရေယာဉ် အောင်ဇေယျနဲ့ ရခိုင်ကိုဆန်ပို့ ပါမယ်။ လက်ရှိမှာ မြန်မာနိုင်ငံအထက်ပိုင်းတွေ ရေပြန်ကျ သွားပြီဖြစ်သလို ဆန်အတွက်လည်း လေကြောင်းလိုင်းအပါအဝင် ပေးပို့နေတဲ့အတွက် လုံလောက်မှုရှိပါတယ်။ အခု စားသုံးသူအခက်ခဲ ဆုံးဖြစ်နေတာ စစ်တွေပါ။ ဒါကြောင့် တပ်မတော်က စစ်ရေယာဉ်တွေနဲ့ ရခိုင်ကို ဆန်နဲ့ထောက်ပံ့ ရေး ပစ္စည်းတွေ ပေးပို့ပေးပါတယ်။ နှစ်ရက်အတွင်း ရောက်မှာပါ။ အလှူရှင်တွေ၊ ကုမ္ပဏီတွေက လှူဒါန်းမှုတွေ နဲ့ ရခိုင်ကို ဆန်အိတ်ပေါင်း သောင်းချီရောက်ရှိသွားမှာဖြစ် ပါတယ်''ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၁၆၁၂၊ စစ်ရေယာဉ် ၁၆၁၃၊ စစ်ရေယာဉ် ၆ဝ၂ တို့ဖြင့်လည်း ထောက်ပံ့ရေး ပစ္စည်းအမျိုးမျိုး တင်ဆောင်ကာ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ အမြန်ဆုံးဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်လျက်ရှိသောဆန်များကိုလည်း မြန်မာနိုင်ငံ ဆန်ကုန်သည် အသင်းမှ လက်ကားဆန်ဆိုင် ၁ဝ ဆိုင်ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိပြီး ရန်ကုန်မြို့တွင် ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ရောင်းချပေးလျက်ရှိပြီး ဆန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်တွင်း ဆန်ပြတ် လပ်မှု မရှိစေရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment