Wednesday, August 12, 2015

အာဆီယံနိုင်ငံများကိုယ်စား AHA Centre မှ လှူ ဒါန်းသည့် ပစ္စည်းများလက်ခံ


နေပြည်တော် သြဂုတ် ၁၁

အာဆီယံ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေး ရေး ညှိနှိုင်းမှုဌာန ASEAN-Coordinating Centre for Humanitarian Assistance on Disaster Management (AHA –Centre)မှExecutive Director ဖြစ်သူ Mr.Said Faisal ဦးဆောင် သည့် အဖွဲ့ဝင်လေးဦးသည် သြဂုတ် ၉ရက် မွန်းလွဲပိုင်းက ရေဘေးသင့် ဒေသများတွင် အသုံးပြုရန် အာဆီ ယံနိုင်ငံများမှ လှူဒါန်းသည့် အလူ မီနီယံလှေ လေးစင်း၊ တာပေါ် လင်စ ၂ဝဝဝ ၊ ပလတ်စတစ်ရေဘူး ၂ဝဝဝ အစု၊ ခြင်ထောင် အလုံး ၂ဝဝဝ၊ ရွေ့လျား သိမ်းဆည်းနိုင်သည့် သိုလှောင်ရုံ (MSU) သုံးလုံး၊ မိသားစုသုံးပစ္စည်း (Family Kits) အစုံ၂ဝဝဝ နှင့် မီးဖိုချောင်သုံးပစ္စည်း အစုံ (Kitchen Kits) ၂ဝဝဝ တို့ လာရောက်လှူဒါန်းရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဦးဘုန်းဆွေက လက်ခံယူခဲ့သည်။


အခမ်းအနားတွင် (AHA –Centre) ၏Executive Director ဖြစ်သူ Mr. Said Faisal က လှူဒါန်းရသည့် အကြောင်းအရင်း များအား ရှင်းလင်းပြောကြားကာ ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်ခဲ့သည်။


ထို့‌‌နောက် ဒုတိယဝန်ကြီးက ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု အခြေအနေ၊ ဆက်လက် ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် ဖွင့်လှစ် လုပ်ငန်းဆောင်ရွက်နေ သော အရေးပေါ်အခြေအနေ စီမံ ခန့်ခွဲမှု ဗဟိုဌာန၌ လိုအပ်သော နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီရန် ရောက်ရှိနေသော အာဆီယံသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေး ရေး ညှိနှိုင်းမှုဌာန ASEAN-Coordinating Centre for Humanitarian Assistance on Disaster Management (AHA –Centre) မှMr. Janggam Adhityaawrama ၊ Mr. Adi Bishry ၊ Mr.Yoram ၊ United States Forest Service rS Mr. Don Price ၊ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး (UNOCHA) မှ Mr. Hannes နှင့် ဒေါ်နီနီသောင်း၊ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Ms. Norico၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဦးသောင်းဌေး၊ မြန်မာသတင်း အချက်အလက်စီမံခန့်ခွဲမှု ယူနစ်မှ ဒေါ်အိအိသိန်းနှင့် မြန်မာနိုင်ငံ ကြက် ခြေနီအသင်းမှ ဦးအံ့ပေါ်ဦး တို့က မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ရေဘေးအန္တရာယ်နှင့် ပတ် သက်၍ ၎င်းတို့အဖွဲ့အစည်း များ၏ နေ့စဉ်လုပ်ဆောင်နေသော လုပ် ဆောင်ချက်များအား ရှင်းလင်းတင်ပြ ခဲ့ရာ ဒုတိယဝန်ကြီးက ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းပြောကြားခဲ့သည်။

No comments:

Post a Comment