Saturday, August 1, 2015

ဘင်္ဂလားဒေ့ရှ်၌ ဖြစ်ပေါ်သော မုန်တိုင်းငယ်တဖြည်းဖြည်း အားပျော့သွားမည်

နေပြည်တော် ဇူလိုင် ၃၁
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ် သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပြီး ယနေ့ မွန်းလွဲမှ နောက် ၁၂ နာရီအတွင်း တဖြည်းဖြည်း အားပျော့သွားမည်ဖြစ်သည်။

မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်၍မိုးကြီးနိုင်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန ကောင်းနေ သည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝ ထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment