Saturday, August 1, 2015

မုန်းချောင်းနှင့်ကြီးအုံကြီးဝ ရေလှောင်တမံများ၏ ရေပိုလွှဲမှရေကျော်ကျမှု အခြေအနေနှင့် အရေးပေါ်စီမံ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်ထား


နေပြည်တော် ဇူလိုင် ၃၁
စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် မိုးရေချိန် စံချိန်သစ်များဖြင့် ထူးကဲစွာ မိုးရွာသွန်းခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း (ကိုမန်)၏ အရှိန်ကြောင့် မိုးသည်း ထန်စွာ ရက်ဆက်ရွာ သွန်းခြင်းများ ကြောင့် မုန်းချောင်း ရေလှောင် တမံနှင့် ကြီးအုံကြီးဝ ရေလှောင်တမံတို့တွင် အချိန်တိုအတွင်း ရေသိုလှောင် နိုင်မှုပမာဏထက် ကျော်လွန်ပြီး ရေပို လွှဲများမှ ရေကျော်ကျလျက်ရှိသည်။

သို့ဖြစ်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်း ဦးစီးဌာန ညွှန်ကြားရေမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး မှူးများ ပါဝင်သော အဖွဲ့သည် ဇူလိုင် ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် မကွေးတိုင်းဒေ သကြီး အတွင်းရှိ မုန်းချောင်းရေလှောင်တမံ၊ ကြီးအုံကြီးဝရေလှောင် တမံနှင့် မဲဇလီ ရေလွှဲဆည်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ရာသီဥတုအခြေအနေ အရ မိုးဆက်လက်ရွာသွန်းပြီး ထပ်မံ ရေဝင်ရောက်နိုင်မည့် အခြေအနေ၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ နှင့် အရေးပေါ် စီမံဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အသေးစိတ် စီမံဆောင်ရွက်ခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment