Wednesday, July 29, 2015

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းUNHCR အထူးကိုယ်စားလှယ်ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၉
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်UNHCR အထူးကိုယ်စားလှယ် Mrs. Angelina Jolie Pitt ဦးဆောင်သောအဖွဲ့အားယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။



ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြ သောဦးကိုကိုနိုင်နှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးH.E.Mr.Andrew Patrick လည်းတက်ရောက်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် UNHCR၏ လုပ်ငန်းများတွင် လွှတ်တော်အပိုင်းက ပါဝင်ကူညီ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment