Wednesday, July 29, 2015

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သြစတြေးလျဝန်ကြီးချုပ်ဟောင်း နယူးယောက်မြို့အခြေစိုက် အာရှလူမှုအဖွဲ့အစည်း ဆိုင်ရာ မူဝါဒအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ



နေပြည်တော် ဇူလိုင် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျဝန်ကြီးချုပ်ဟောင်း နယူးယောက်မြို့ အခြေစိုက် အာရှ လူမှုအဖွဲ့အစည်းဆိုင်ရာမူဝါဒအဖွဲ့ဥက္ကဋ္ဌ Mr.Kevin Rudd ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့ လက်ခံတွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment