Tuesday, July 28, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဂျပန်နိုင်ငံ ဂျေဂျီစီအုပ်စု၏ ၀ါရင့်ဥက္ကဋ္ဌ မစ္စတာ ယိုရှိဟီရို ရှိဂဲဟိစ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဂျပန် နိုင်ငံ ဂျေဂျီစီအုပ်စု၏ ၀ါရင့်ဥက္ကဋ္ဌ မစ္စတာ ယိုရှိဟီရို ရှိဂဲဟိစ ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အပါအ၀င် အခြားသော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံအ၀န်းရှိ လေဆိပ်များ ဘေးအန္တရယ် ကင်းရှင်း ရေးနှင့် လေကြောင်း ၀န်ဆောင်မှု လုပ်ငန်းများ အကူအညီပေးရေး၊ လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် ရေးတို့နှင့်  စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဦးဇင်ယော်၊ ဒေါက်တာဇော်မင်းအောင်၊ ဦးစိုးတင့်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment