Tuesday, July 28, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်း အဝေး (၂/၂၀၁၅)သို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဇူလိုင်  ၂၈
စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၁၅)ကို ယနေ့နံနက် (၉)နာရီခွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီး များ၊ တိုင်းဒေ သကြီး/ပြည်နယ် များမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးများ၊  ဘန်ကောက် FAO ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနေကိုယ်စားလှယ် Dr.Hiroyuki Konuma နှင့် ဌာနဆိုင်ရာအကြီးအကဲများ  တက်ရောက်ကြသည်။
အစည်းအဝေးတွင် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက စားနပ် ရိက္ခာနှင့် အာဟာရဖူလုံရေးလုပ်ငန်းသည် ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ဆောင်ရွက် ပြီးစီးမှုများကို ပြန်လည် သုံးသပ်ပြီး  ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အကြား ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း။
မဟာဗျူဟာကျသည့်မူဘောင်ကို ချမှတ်ရာတွင်  ပြည်သူဗဟိုပြု ပုံစံ၊  ပေါင်းစည်းမှုပုံစံဖြင့်  ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများတွင်  စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြပါကြောင်း၊ စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံတွင် ထောင်စုနှစ်လွန် ရည်မှန်းချက်များ (Sustainable Development Goals-SDGsကို အတည်ပြုမှာဖြစ်သည့်အတွက် SDGs ရည်မှန်းချက်ပန်းတိုင် အမှတ် ၂ ဖြစ်သည့် ငတ်မွတ် ခေါင်းပါးမှုအဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝ ရေးအတွက် စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေးဆိုင်ရာမူဝါဒတွင် ထည့်သွင်း၍ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ မဟာဗျူ ဟာရေးဆွဲချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသွားရန် လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်း စဉ်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်များအကြား စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီး သကဲ့သို့ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များကိုလည်း ဦးစားပေး အလိုက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
သို့မှသာ Zero Hunger Challenge မှာ ပါဝင်သည့်  အသက် (၂)နှစ်အောက် ကလေးငယ်များ ကြီးထွားမှု နှောင့်နှေးစေခြင်းအား ရာနှုန်းပြည့် လျှော့ချပေးရန်၊ တစ်နှစ် ပတ်လုံး လုံလောက်သော အစာရေ စာရာနှုန်းပြည့် ရရှိစေရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှု စနစ်အားလုံး ရေရှည်တည်တံ့စေရန်၊  လုပ်ကွက် ငယ်တောင်သူများ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေရာနှုန်းပြည့်တိုးမြှင့်စေရန်နှင့် အစား အစာလေ လွင့်မှုပပျောက်စေရန် စသည့် မဏ္ဍိုင် ၅ ခုကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။
မဏ္ဍိုင် ၅ ခု အောင်မြင်ရန်အတွက် အလေးထားစဉ်းစားရမည့် အရေးကြီးသည့် အချက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ ကုန်ထုတ်လုပ်မှု ရေရှည်တည်တံ့ရေးဖြစ်ပါ ကြောင်း၊ စားနပ်ရိက္ခာဖူလုံရန်အတွက်  ပင်မကြီး ၄ ခုဖြစ်သည့် အစားအသောက်ရရှိ နိုင်မှု၊ အစားအစာရရှိရန် လက်လှမ်းမီရန်အတွက် စီးပွား ရေးနှင့် အခြေခံအဆောက် အအုံဆိုင်ရာအခြေအနေ၊ အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံး နိုင်မှုနှင့် အချိန်နှင့်အမျှ ဖြစ်ပေါ်နိုင်သည့် ဘေးကျရောက်ချိန်တွင် အစားအစာရရှိရန် စသည့် အချက် များကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း။
FAO နှင့် ပူးပေါင်းဆောင်ရွက်မည့် National Zero Hunger Challenge ဆိုင်ရာ အစီအမံများအတွက် ၂၀၂၅ ခုနှစ်အတွင်းဆောင်ရွက်ရန် ရည်မှန်းထားရှိပြီး ရည်မှန်း ချက်ပြည့်မီရေးအတွက် ကာလ အပိုင်း အခြားအလိုက် လုပ်ငန်းစဉ်များကို ထည့်သွင်း ရမည်ဖြစ်ပါကြောင်း၊စားနပ်ရိက္ခာဖူလုံမှုကို အထောက် အကူပြုနေသည့် စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် သယံဇာတ အရင်း အမြစ်များ စနစ်တကျ အသုံးပြုနိုင်ရေး၊ သဘာဝအရင်းအမြစ်များ ရေရှည်ထိန်းသိမ်းကာကွယ် နိုင်ရန် လိုအပ်သည့် ဆောင်ရွက်မှုများနှင့် ဖြည့်ဆည်းရမည်ဖြစ်ပါကြောင်း။     
လယ်ယာစိုက်ပျိုးရေးသည် ကျေးလက်နေပြည်သူများအတွက် အသက် မွေးဝမ်း ကျောင်းဖြစ် သည့်အတွက် ကျေးလက်နေပြည်သူများ သာယာဝပြောရေးကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ဂေဟစ နစ်ဖွံ့ဖြိုးပြီး လူမှုအဖွဲ့အစည်းနှင့် ပြည်သူများ အားကောင်းလာမှသာ လယ်ယာကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လယ်ယာနှင့်မွေးမြူရေးလုပ်ငန်းများသည် ရေရရှိရေးပေါ်တွင် မူတည်နေသဖြင့် စားနပ် ရိက္ခာနှင့်အတူ ရေဖူလုံရေးအတွက်ကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော်နိုင်ရန်အတွက် ထိရောက် ထက်မြက် သည့် စီမံခန့်ခွဲမှုစနစ်အားကောင်းရေးကို ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အနာဂတ်မျှော်မှန်းချက်များအရ စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့တဲ့မှု များသည် နိုင်ငံများအကြား ဆက်၍ ရှိနေဦးမည်ဟု ခန့်မှန်းထားပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရေရှည်အကျိုးကိုမျှော်လင့်၍ မဟာဗျူဟာများကို ချမှတ်သွားရမည် ဖြစ်ပါကြောင်း၊ တစ်ဦးကျဝင်ငွေများ တိုးတက်လာသော်လည်း တစ်ဦးကျစားသုံးမှုတွင် မလုံလောက်မှုများ ရှိနေဦးမည်ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးအတွက် လက်လှမ်းမီရေး ထည့်သွင်းစဉ်းစားထားရန် လိုပါကြောင်း၊ စားသုံးမှု ပိုင်းတွင်လည်း ကျန်းမာသန်စွမ်းပြီး အာဟာရဖြစ်စေသည့် အစားအသောက်များကို လူတိုင်းစားသောက်စေရေးနှင့် အစားအစာ လေ့လွင်မှုမရှိစေရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးတွင် အဓိကကျသည့် လယ်ယာကဏ္ဍ၏ တီထွင်ဆန်းစစ်မှုများကို စဉ်ဆက် မပြတ် ထည့်သွင်း စဉ်းစားသွားရမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သည့် အဓိက ကုန်စည် များနှင့် အခြားကုန်စည်များအတွက် ထုတ်လုပ်မှုတိုးတက်ရေးသာမက ပို့ကုန်တိုးမြှင့် ရေးအတွက် လည်း စဉ်းစားရမည်ဖြစ်ပါကြောင်း။          
လယ်ယာစိုက်ပျိုးရေးကိုသာ အားထားရမည့်  အိမ်ထောင်စုများလည်း ဆက် လက်ရှိနေမည်ဖြစ်၍   မြို့ပြဖြစ် ထွန်းမှုနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ပေးရ မည်ဖြစ် ပါကြောင်း၊ မြို့ပြဖြစ်ထွန်းမှုနှင့်အတူ မြို့ပြ စိုက်ပျိုးရေးတိုးတက်ဖြစ်ပေါ်ရေးကို နိုင်ငံတော်အပိုင်းအပြင် ပုဂ္ဂလိက အပိုင်းကလည်း ပါဝင်လာရန် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ရှေ့လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်နှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု မြင့်တင်ပြီး အမြင်ချင်းဖလှယ်၍ မြန်မာနိုင်ငံ၏ စားနပ် ရိက္ခာဖူလုံမှု  ရေရှည်တည်တံ့စေရေးနှင့် အာဟာ ရပြည့်ဝစေရေးအတွက် ဝိုင်းဝန်းကြိုး ပမ်း အဖြေရှာကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် FAO ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု အခြေအနေ၊ အနာဂတ်မျှော်မှန်းချက်နှင့် မြန်မာနိုင်ငံ၌ အကောင်အထည် ဖော်ရေးအတွက် Status of global and regional food security and future outlook and their implication to Myanmar နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဒေါက်တာ ကံဇော်နှင့် တက်ရောက် လာကြသူများက ရာသီဥတုနှင့် မြို့ပြပြောင်းလဲမှု၊ စိုက်ပျိုးရေး ကဏ္ဍနှင့် လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချရေး၊ အနာဂတ်တွင် စားနပ်ရိက္ခာဖူလုံရေး၊ ငတ်မွတ်မှုပပျောက်ရေး၊ ထုတ်ကုန်များနှင့် တန်ဖိုးမြှင့် ထုတ်ကုန် ပစ္စည်းများ တိုးတက် ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိရေး၊ အစားအစာလုံခြုံရေး၊ ကျေးလက်နေ ပြည်သူ များ ၀င်ငွေရပေါက်ရလမ်းများ တိုးတက်ရရှိရေး၊ ရေလုံလောက်စွာရရှိရေးတို့စပ်လျဉ်း၍ အပြန် အလှန် မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတက FAO ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံးမှ လက်ထောက် ညွှန်ကြားရေး မှူးချုပ် Dr. Hiroyuki Konuma နှင့် မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနကိုယ်စားလှယ် Ms. Bui Thi Lan တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

No comments:

Post a Comment