Thursday, July 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြင်သစ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး မစ္စတာ သီယရီမာသူအား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရေးပိုမိုတိုးတက်ခိုင်မာလာမှု၊ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာအထောက်အကူပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင်ရင်းနှီးမြုပ်နှံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအောင်မြင်စေရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယ၀န်ကြီး ဦးသန့်ကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment