Thursday, July 30, 2015

အနုပညာရှင်များ၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး (Ve Ve Cup) အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Entertainment Channel မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်

နေပြည်တော် ဇူလိုင် ၃၀
Myanmar Media 7 က စီစဉ်ကျင်းပသည့် အနုပညာရှင်ပေါင်းစုံပါဝင်သော (၄)သင်း ပတ်လည်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး (Ve Ve Cup) ကို ၂၀၁၅ ခုနှစ် သြဂုတ် ၁ ရက်မှ ၂ ရက်အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး တစ်ရက်လျှင်နှစ်ပွဲဆက်တိုက် ယှဉ်ပြိုင်ကစားကြမည်ဖြစ် သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကြီးကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ Broadcast Sponsor အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး ပြိုင်ပွဲနေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား Entertainment Channel မှ ပထမပွဲစဉ်များကို အဆိုပါနေ့ မွန်းလွဲ ၂ နာရီမှ စ၍လည်းကောင်း၊ ဒုတိယပွဲစဉ်များကို အဆိုပါနေ့ ညနေ ၄ နာရီမှ စ၍လည်းကောင်း တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

            

No comments:

Post a Comment