နေပြည်တော် ဇူလိုင် ၂၈
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုရက်ပိုင်းအတွင်း
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှု မရှိစေရေး လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ရေကင်း များ ချထားပြီး စောင့်ကြပ်ကြည့်ရှုဆောင်ရွက်
လျက်ရှိရာ တည်ဆောက်ပြီး ရေလှောင် တမံကြီး (၃၁)ခု တွင် သတ်မှတ်ရေလှောင် ပမာဏပြည့်မီသဖြင့် ရေပိုလွှဲများမှ ရေထုတ်လွှတ်လျက်ရှိကြောင်း၊ တာတ
မံများ ကျိုးပေါက်မှုမရှိကြောင်း၊ ရေလှောင်တမံကြီးများနှင့် ရေလှောင်တမံ(၂၄)ခုတွင် သတ်မှတ်
ရေ လှောင်ပမာဏ ပြည့်မီခြင်းမရှိသေးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
သိရ သည်။
အဆိုပါ ရေလှောင်တမံကြီး(၃၁)ခုမှာ ရေဘုတ်ရေလှောင်တမံ၊
လိုင်ဗား ရေလှောင်တမံ၊ သဖန်းဆိပ် ရေလှောင်တမံ၊ ကင်းတပ်ရေလှောင်တမံ၊ ပေကြီးရေလှောင်
တမံ၊ လင်ပန်းရေလှောင်တမံ၊ ရာဇဂြိုလ်ရေ လှောင်တမံ၊ မင်းမြင်ရေလှောင်တမံ၊ သိန်ရင်ရေလှောင်တမံ၊
ကျေးပင်အက်ရေလှောင်တမံ၊ ကိုးပင်ရေ လှောင်တမံ၊ မြောက်ယမား ရေလှောင်တမံ၊ မင်းရဲချောင်းရေလှောင်တမံ၊
ပျဉ်ပုံကြီးရေလှောင်တမံ၊ ငမြွေရေ လှောင်တမံ၊ မဇင်းရေလှောင်တမံ၊ တောင်န၀င်းရေလှောင်တမံ၊
စဥ့်ကူးချောင်း ဂေါင်းရေ လှောင်တမံ၊ ညောင်ကိုင်းရေလှောင်တမံ၊ သဲကောရေလှောင်တမံ၊ ခ၀ါ
ရေလှောင်တမံ၊ မုန်းချောင်း ရေလှောင်တမံ၊ မန်းရေလှောင်တမံ၊ ကြီးအုံကြီးဝ ရေလှောင်တမံ၊
တောင်ခင်ရန်းရေလှောင်တမံ၊ ပြိုင်းချောင်း ရေလှောင်တမံ၊ ရဟိုင်းကွင်း ရေလှောင်တမံ၊ ဘန့်ဘွေးကုန်းရေလှောင်တမံ၊
ဇာမဏီ အင်းရေလှောင်တမံ၊ နန်ကသူ ရေလှောင်တမံနှင့် ကညင်ရေလှောင်တမံတို့ ဖြစ်သည်။
ထို့ပြင် ရေလှောင်တမံကြီးများ၊ ရေလှောင်တမံ(၂၄)ခုတွင် သတ်မှတ်
ရေလှောင် ပမာဏပြည့်မီခြင်း မရှိသေး ဘဲ အဆိုပါရေလှောင်တမံများရှိ ရေပမာဏမှာ ကင်းသာ ရေလှောင်တမံတွင် ရေလှောင် ပမာဏမှာ
(၆၃)ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု(၁
ဒသမ ၃၀)ပေ၊ မုံချောင်းရေ လှောင် တမံတွင် ရေလှောင်ပမာဏမှာ (၄၀၆၀)ဧကပေဖြစ်၍ ရေပိုလွှဲမှ
ရေကျော်ရန်လိုအပ်မှု(၀ ဒသမ ၈၀)ပေ၊ ဆင်သေ ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ (၂၇၅၅၄)ဧကပေဖြစ်၍
ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု(၂၈ ဒသမ ၉၀)ပေ၊ မြို့လှ(တပ်ကုန်း)လှောင်တမံတွင် ရေလှောင်ပမာဏမှာ
(၇၀၂၀) ဧကပေဖြစ် ၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု(၁၂ ဒသမ ၈၀)ပေ၊ ရေဆင်းဆည်ရေလှောင်တမံတွင်
ရေလှောင် ပမာဏမှာ (၁၆၇၀၀) ဧကပေ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု (၂၉ ဒသမ ၈၀)ပေ၊
ပေါင်းလောင်း ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ(၄၈၃၇၇၀)ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်
လိုအပ်မှု (၁၆ ဒသမ ၇၄)ပေ၊ ငလိုက်ဆည်လှောင်တမံတွင် ရေလှောင် ပမာဏမှာ (၃၉၁၄၁) ဧကပေဖြစ်၍
ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု(၁၁ ဒသမ ၅၀)ပေ၊ တောက်ပြိုရေလှောင်တမံတွင် ရေလှောင် ပမာဏမှာ(၁၆၂၅)ဧက
ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု(၆ ဒသမ ၆၃)ပေ၊ ချောင်းမငယ် ရေလှောင်တမံတွင်
ရေလှောင်ပမာဏမှာ (၆၃၂၁၅)ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု(၁၀ ဒသမ ၆၀)ပေ၊ သဲဖြူရေလှောင်တမံတွင်
ရေလှောင် ပမာဏမှာ (၅၀၀၀) ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု(၇ ဒသမ ၅၈)ပေ၊ မဒန်းရေလှောင်တမံတွင်
ရေလှောင်ပမာဏမှာ (၁၆၃၅၈) ဧကပေဖြစ်၍ ရေပိုလွှဲမှရေကျော်ရန်လိုအပ်မှု (၂၂ ဒသမ ၆၀)ပေ၊ ဖောင်းလောင် ရေလှောင် တမံတွင် ရေလှောင်ပမာဏမှာ(၈၇၄၄) ဧကပေဖြစ်၍
ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု(၅ ဒသမ ၈၀)ပေ၊ လွိုင်နန်းဖ ရေထိန်းတမံတွင် ရေလှောင်ပမာဏမှာ
(၆၅၂) ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု (၁၃ ဒသမ ၅၀)ပေ၊ ခပေါင်းရေလှောင်တမံတွင်
ရေလှောင်ပမာဏမှာ (၄၁၃၇၈၁)ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု(၄၀ ဒသမ ၃၀)ပေ၊ ကိုဒူကွဲရေလှောင်တမံတွင်
ရေလှောင်ပမာဏမှာ (၆၁၅၀၁) ဧကပေ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု(၁၈ ဒသမ ၀၀)ပေနှင့်
ရွှေလောင်း ရေလှောင် တမံတွင် ရေလှောင်ပမာဏမှာ (၂၃၃၂၅)ဧက ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု (၂၈ ဒသမ ၀၀)ပေ၊ စလူရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ
(၄၄၀၈၀)ဧက ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု (၁၃ ဒသမ ၈၀)ပေ၊ စလင်းရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ
(၆၆၉၀၅)ဧက ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု
(၅၀ဒသမ ၀၀)ပေ၊ ဆည်တော်ကြီးဆည် ရေလှောင်တမံတွင် ရေလှောင် ပမာဏမှာ (၃၀၈၉၄၀)ဧက
ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု (၇
ဒသမ ၇၀)ပေ၊ ကင်းတား ဆည်ရေ လှောင်တမံတွင် ရေလှောင်ပမာဏမှာ (၁၇၀၂၅၀)ဧက ပေဖြစ်၍ ရေပိုလွှဲမှ
ရေကျော် ရန်လို အပ်မှု (၉၃ ဒသမ ၈၅)ပေ၊ ငမိုးရိပ်ရေလှောင်တမံတွင်
ရေလှောင်ပမာဏမှာ (၁၄၆၁၅၀)ဧက ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု (၃ ဒသမ ၄၀)ပေ၊ ဇော်ဂျီရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ
(၇၄၇၆၉) ဧက ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု (၆၁ ဒသမ ၇၀)ပေ၊ ကွန်ချောင်း ရေလှောင် တမံတွင် ရေလှောင်ပမာဏမှာ
(၉၄၈၃၀)ဧက ပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု
(၂ ဒသမ ၁၀)ပေနှင့် မမြရေလှောင်တမံတွင် ရေလှောင် ပမာဏမှာ (၅၈၃၉၉)ဧက ပေဖြစ်၍ ရေပိုလွှဲမှ
ရေကျော် ရန်လိုအပ်မှု (၁၀ ဒသမ ၇၀)ပေ ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွား သည့် ဒေသများတွင် တာဝန် ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများနှင့်
ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment