Tuesday, July 28, 2015

ကျော်သက်နှင့်စောဆန်းအောင်အဖွဲ့မှ အဖွဲ့ဝင် ၅၈ ဦး ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်


နေပြည်တော် ဇူလိုင် ၂၈
နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ သဘောထားမှန်များကို သိရှိနားလည် လာခြင်းကြောင့် ကျော်သက်နှင့် စောဆန်းအောင်အဖွဲ့မှ အဖွဲ့ဝင်များ ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်လျက်ရှိရာ
ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ထီးဟူသံကျေးရွာရှိ နယ်ခြားစောင့် တပ် (BGF) သို့ စောဘိကြည် ခေါင်းဆောင်သော အဖွဲ့ဝင် ၅၈ ဦးသည် လက်နက်မျိုးစုံ ၄၅ လက်၊ ဗုံးသီး မျိုးစုံ ၆၇ လုံး၊ ကျည်မျိုးစုံ ၂၃၁၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၇၉ ခု၊ ရှေ့ထွက်မိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့် အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်ခဲ့သည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာသူများအား နွေးထွေးစွာ ကြိုဆိုပြီး လိုအပ်သည်များ ကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment