Thursday, July 30, 2015

အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန်ဆွေးနွေး



နေပြည်တော် ဇူလိုင် ၂၉
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ်နှင့် ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လိင်အကြမ်းဖက်မှုများကို ကာကွယ်တားဆီးရေး၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက် ထားရေး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment