Thursday, July 30, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ Air Vice Marshal Shouvik Roy လှည့်လည်ကြည့်ရှု


နေပြည်တော် ဇူလိုင် ၂၉
အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅ဝ တွင် အိန္ဒိယ တပ်မတော် လေယာဉ်များဖြင့် ပူနေးလေဆိပ်မှ ထွက်ခွာ ခဲ့ရာ နယူးဒေလီလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိပြီး အိန္ဒိယတပ်မတော်လေမှ Air Vice Marshal Shouvik Roy နှင့် ဇနီး၊ တာဝန်ရှိသူများက ရင်းနှီးစွာ ကြိုဆိုသည်။



ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် Delhi Cantoment ရှိ Army Base Workshop သို့ ရောက်ရှိကြပြီး Conference hall တွင် Army Base Workshop နှင့် ပတ်သက် သည့် သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် စွမ်းဆောင်နိုင်ရည်များအား တာဝန်ရှိသူတစ်ဦးက ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည့် အချက်များကို မေးမြန်းပြီးနောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Army Base Workshop အတွင်း လှည့်လည်ကြည့်ရှုကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် Information Management and Analysis Centre-IMAC Gurgaon သို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး IMAC Gurgaon rS Deputy Chief of Naval Staff Vice Admiral RKI'attanaik နှင့် အဖွဲ့ဝင်များက ကြိုဆိုသည်။
ဆက်လက်၍ Simulation ခန်းမတွင် ပင်လယ် ရေကြောင်းလုံခြုံရေးဆောင်ရွက်မှုများကို တာဝန် ရှိသူများက ရှင်းလင်းတင်ပြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်း ကာ Simulation နှင့် System ဆိုင်ရာများကို ကြည့်ရှု လေ့လာ၍ ခေတ္တတည်းခိုသည့် ဟိုတယ်သို့ ပြန်လည် ရောက်ရှိသည်။
ထို့နောက် Taj Palace ဟိုတယ် Oval Room တွင် Unique Identification Authority of Function က ရှင်းလင်းပြသသော Biometric System Presentation အား ကြည့်ရှုလေ့လာပြီး တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းခဲ့ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ခေတ္တ တည်ခိုးသည့် Taj Palace ဟိုတယ်၌ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် ဇနီး၊ စစ်သံရုံးမှ စစ်သည်မိသားစုဝင်များ၊ သင်တန်းသားများအား လည်း ကောင်း၊ ညနေပိုင်းတွင် သံရုံးဧည့်ခန်း၌ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များအားလည်းကောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအမှာ စကား ပြောကြားသည်။

No comments:

Post a Comment