Saturday, June 27, 2015

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ရွေးကောက်ပွဲနှင့် သက်ဆိုင်သူအားလုံး လိုက်နာကြရမည်


ရန်ကုန် ဇွန် ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဆွစ်ဇာလန်သံရုံးတို့ပူးပေါင်း၍ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များအတွက် ကျင့်ဝတ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ကျင့်ဝတ်ရေးဆွဲရေးအထောက်အကူပြု လုပ်ငန်းကော်မတီ၊ နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာအဖွဲ့များမှ တာဝန်ရှိသူ ၁၆၁ ဦး တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဟောင်း Mr.Bojraj Pokharel က ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ ကျင့်ဝတ်ကို နိုင်ငံရေးပါတီများ အားလုံး မိမိတို့ဆန္ဒအလျောက် ညှိနှိုင်းဆွေးနွေး ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများက အခြေခံမူများချမှတ်၍ ယာယီရေးဆွဲ ရေးကော်မတီ ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးဆွေးနွေး ပွဲများအတွက် အဓိကကျသည့် အချက်ဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့် အညီ အပြန်အလှန်ယုံကြည် မှုတည်ဆောက်ရန် အုတ်မြစ် ချနိုင်ခဲ့ပြီဖြစ်ကြောင်း၊ စိန်ခေါ်မှုများ ရှိနေမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်များ ကို အမှန်တကယ်လိုက်နာဆောင် ရွက်ရန်လိုအပ်ပြီး ကျင့်ဝတ်များကို မဖောက်ဖျက်ရန် ပါတီဝင်များကို ချပြထားမှသာ ဘက်လိုက်မှုကင်း သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ် ဖြစ်ရန် အထောက်အကူဖြစ်မည် ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ကျင့်ဝတ်အား အများပြည်သူသိရှိ အောင် ဖြန့်ဝေရန်လိုကြောင်း၊ ပြည်သူလူထုက ရွေးကောက်ပွဲ အပေါ်ယုံကြည်မှုရှိရန် အဓိက ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် သံအမတ်ကြီး ဟောင်း ဦးဝင်းလွင်က ယနေ့ကျင်းပ ပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များအတွက် လိုက်နာ ရမည့်ကျင့်ဝတ်များ ပေါ်ထွက်လာ ခြင်းနှင့်ပတ်သက်၍ ထူးခြားချက် (၃)ခုကို တွေ့ရှိရပါကြောင်း၊ မြန်မာ နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ရွေးကောက်ပွဲများနှင့် ကြားဖြတ် ရွေးကောက်ပွဲများကို အခါအားလျော် စွာ ကျင်းပခဲ့သော်လည်း ကျင့်ဝတ် များမရှိခဲ့ကြောင်း၊ ယခုကျင့်ဝတ် သည် အထွေထွေရွေးကောက်ပွဲ အတွက် ပထမဦးဆုံး ကျင့်ဝတ်ဖြစ် ကြောင်း၊ ၎င်းကျင့်ဝတ်ကို နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များက ပထမ ဦးဆုံးအကြိမ် စုပေါင်းညှိနှိုင်းရေးဆွဲအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်မကုန်မီ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် အချိန်ကိုက် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း၊ ကျင့်ဝတ်တွင် အားနည်းချက်များ အထိုက်အလျောက် ရှိမည်ဖြစ် ကြောင်း၊ ယင်းအားနည်းချက်များအား နောင်ကျင်းပမည့် ရွေးကောက်ပွဲ များမှ အတွေ့အကြုံများကိုရယူ၍ ပိုမိုကောင်းမွန်ရန် ပြုပြင်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ တစ်ဝန်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် စတင်နေပြီဖြစ်ကြောင်း၊ အများယုံကြည်မှုရှိပြီး တည်ငြိမ် အေးချမ်းသည့် ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံသားအားလုံးတွင်လည်း တာဝန် ရှိပါကြောင်း၊ ကျင့်ဝတ်စာတမ်းပေါ် ထွက်လာရန် နာရီပေါင်းများစွာ ဆွေးနွေးခဲ့ပြီး မူကြမ်းများစွာကို ရေးဆွဲခဲ့ကြောင်း၊ ကော်မရှင်အနေ ဖြင့် နိုင်ငံရေးပါတီများကို လွတ်လပ် စွာရေးဆွဲခွင့်ပေးခဲ့ပြီး နိုင်ငံရေး ပါတီများကလည်း မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ခြင်းကို ညီညီ ညွတ်ညွတ် ဆွေးနွေးတိုင်ပင်ဆောင် ရွက်ခြင်းက အတုယူစရာဖြစ်သလို ကောင်းမွန်သောလုပ်ရပ်ဖြစ်ကြောင်း၊ ယခုဆိုလျှင် အလုပ်နှင့် သက်သေ ပြရမည့် အချိန်ရောက်ပြီဖြစ်၍ ကျင့်ဝတ်များကို လိုက်နာရန် ကတိ ကဝတ်ပြုခြင်းဖြစ်ကြောင်း၊ ဥပဒေ အရ ချုပ်ကိုင်ခြင်းမရှိသော်လည်း မလိုက်နာလျှင် ဆိုးကျိုးများရှိနိုင်သလို လိုက်နာလျှင် ကောင်းကျိုးများလည်း ရှိမည်ကို သိရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့် ရွေးကောက်ပွဲကာလ နှင့် ရွေးကောက်ပွဲအလွန် ကာလ များတွင် ကျင့်ဝတ်နှင့်ပတ်သက်၍ လိုအပ်ချက်များကို ကူညီဆောင်ရွက် နေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က အမှာစကားပြောကြားရာ၌ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ပြည်သူလူထုအနေဖြင့် လေးစားလိုက် နာရမည့် ဥပဒေများရှိကြောင်း၊ မြန်မာ မှုနယ်ပယ်တွင် ဥပဒေကဲ့သို့လိုက်နာ ရန် ပြဋ္ဌာန်းထားခြင်း မဟုတ်သော် လည်း လူတစ်ဦးချင်းအနေဖြင့် မိမိကိုယ်ကိုမိမိ ထိန်းကျောင်းရမည့် ကျင့်ဝတ်ပေါင်း များစွာရှိကြောင်း၊ ထို့အတူ ရွေးကောက်ပွဲနှင့် ပတ်သက် ၍ ဥပဒေများ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားကြောင်း၊ ယင်းဥပဒေ၊ နည်းဥပဒေများကို ရွေးကောက်ပွဲ နှင့်သက်ဆိုင်သူအားလုံး လိုက်နာ ကြရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ လည်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အချင်းချင်းသော်လည်းကောင်း၊ ရွေး ကောက်ခံမည့် လွှတ်တော်ကိုယ်စား လှယ်လောင်း အချင်းချင်းသော် လည်းကောင်း နားလည်မှုရှိရှိ၊ ချစ်ချစ်ခင်ခင်နှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယနေ့လက်မှတ်ရေးထိုးနိုင်ခဲ့သည့်ကျင့်ဝတ်ကို နိုင်ငံရေး ပါတီများအချင်းချင်း ညှိနှိုင်းဆွေးနွေး သဘောတူ ရေးဆွဲနိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ယခုလိုအောင်မြင်ပြီးမြောက် အောင် ရေးဆွဲနိုင်ရေးအတွက် ဆွစ်ဇာလန်သံရုံးနှင့် သံရုံးအဖွဲ့ဝင် များက ပူးပေါင်းကူညီဆောင်ရွက် ခဲ့ပါကြောင်း၊ ရေးဆွဲရာမှာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ နိုင်ငံရေးပါတီများအားလုံးမှ ဆုံးဖြတ် ခဲ့သော အခြေခံမူများကို အခြေခံ ခဲ့ပါကြောင်း၊ ယာယီလုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး အစည်းအဝေးပေါင်း များစွာ အကြံပြုဆွေးနွေးမှုပေါင်း များစွာနှင့်အတူ မူကြမ်းရေးဆွဲ ခဲ့ပါကြောင်း၊ မူကြမ်းကို ၂ဝ၁၅ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှာ နိုင်ငံရေးပါတီ များအားလုံးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါ ကြောင်း၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ် ဧပြီလတွင် ဥပဒေကြောင်းဆိုင်ရာ သုံးသပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေလ ၁၅ ရက်တွင် ညှိနှိုင်းဆွေးနွေး အားလုံးသဘောတူညီမှုရရှိခဲ့ကြောင်း။

ဤကျင့်ဝတ်သည် ဥပဒေကြောင်း အရ စည်းနှောင်မှုမရှိဘဲ ဥပဒေ သက်သေခံတစ်ခုအဖြစ် အသုံးပြု၍ ဥပဒေကြောင်းအရ အရေးယူခြင်း သို့မဟုတ် တရားစွဲဆိုခြင်းမပြုနိုင် ကြောင်း၊ သို့သော်လည်း နိုင်ငံရေး ပါတီများအနေဖြင့် ထားရှိသည့် ကတိကဝတ်အဖြစ် လိုက်နာဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီ များအားလုံး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည့် နိုင်ငံရေးပါတီ များနှင့် ကိုယ်စားလှယ်လောင်းများအတွက်ကျင့်ဝတ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့သော ဆွစ်ဇာလန်သံရုံးနှင့် အဖွဲ့ဝင်များ၊ နီပေါနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း Mr.Bojraj Pokharel၊ သံအမတ်ကြီးဟောင်း ဦးဝင်းလွင်နှင့် နိုင်ငံရေးပါတီများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ နိုင်ငံရေးပါတီများအနေ ဖြင့် ကျင့်ဝတ်များနှင့်အညီ အချင်းချင်း နားလည်မှုရှိရှိ ချစ်ချစ်ခင်ခင်နှင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို တည်ငြိမ်အေးချမ်း၍ လွတ်လပ် မျှတသော ရွေးကောက်ပွဲအဖြစ် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလို ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် လက်မှတ်ရေးထိုးပွဲ သို့ တက်ရောက်နိုင်ခဲ့သည့် နိုင်ငံရေး ပါတီ (၆၇)ပါတီ၊ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက နိုင်ငံရေးပါတီများနှင့် ကိုယ် စားလှယ်လောင်းများအတွက် ကျင့် ဝတ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment