Friday, June 26, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား လျှို့ဝှက်ဆန္ဒမဲပေး ဆုံးဖြတ်မှု ရာခိုင်နှုန်းတွက်ချက်မှု ပြင်ဆင်ဖော်ပြခြင်း

နေပြည်တော် ဇွန် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ လျှို့ဝှက်ဆန္ဒမဲပေး ဆုံးဖြတ်မှု အခြေအနေကို ဇွန်လ ၂၆ ရက်ထုတ် မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများတွင် ဇယား/ဂရပ်တို့ဖြင့် ဖော်ပြခဲ့ပါသည်။

ထိုသို့ဖော်ပြခဲ့ရာတွင် မဲပေးဆုံးဖြတ်မှု ရာခိုင်နှုန်းအား တက်ရောက်ဆန္ဒမဲပေးသည့် လွှတ်တော်ကိုယ်စားလှယ် (၅၈၃) ဦးအပေါ် မူတည်၍ ထောက်ခံမဲနှင့် ကန့်ကွက်မဲ ရာခိုင်နှုန်း များကို ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပုဒ်မ ၄၃၆ (က) တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားရှိပါသည်။

သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပုဒ်မ ၄၃၆ (က)အရ လွှတ်တော်ကိုယ်စားလှယ် ရှိရင်းအင်အားဖြစ်သော (၆၃၃) ဦးအပေါ် မူတည်၍ မဲပေးခဲ့မှုရာခိုင်နှုန်းကို  အောက်ပါအတိုင်း ပြင်ဆင် ဖော်ပြ အပ်ပါသည် -


No comments:

Post a Comment