Friday, June 26, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနဌာန (ERIA) ဥက္ကဋ္ဌ ပါမောက္ခ ဟီဒဲ တိုရှိ နီရှိမူရ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်- ဇွန် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေး သုတေသနဌာန (ERIA)ဥက္ကဋ္ဌ ပါမောက္ခ ဟီဒဲ တိုရှိ နီရှိမူရ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့လက်ခံတွေ့ဆုံစဉ် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊   နည်းပညာဖွံ့ဖြိုးမှုအတွက် ကူညီ ထောက်ပံ့ရေး၊ ထားဝယ် အထူးစီးပွားရေးဇုန် နှင့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာကံဇော်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။ 

No comments:

Post a Comment