Friday, June 26, 2015

တောင်ကုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွား




တောင်ကုတ် ဇွန် ၂၆


ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇွန်လ ၂၄ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြို့ပေါ် (၄)ရပ်ကွက် အတွင်းသို့ တောင်ကုတ်ချောင်းမှ တောင်ကျချောင်းရေများ အဆက်မပြတ် စီးဝင်လာမှုကြောင့် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ပြီး လူနေအိမ်အချို့နှင့် မြို့တွင်းလမ်းမကြီးများတွင် ၃ ပေကျော်ခန့် ရေနစ်မြုပ်လျက်ရှိကြောင်းနှင့် အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ဈေး၊ ကျောင်းများနှင့် ရုံးဌာနအချို့မှာ ပိတ်ထားရကြောင်း သတင်းရရှိသည်။

No comments:

Post a Comment