Friday, June 26, 2015

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနဖွင့်

ရန်ကုန် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်သည့် ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာန (Migrant Resource Center -MRC) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနဖြစ်သည့် (Migrant Resource Center - MRC) များကို ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များမှာ ဒေသတွင်း အလုပ်သမားများ၏ ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းတို့အတွက် အဆင့်ဆင့် ဦးစားပေး ဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ အတွက် ဖြစ်နိုင်ခြေများ၊ ရွှေ့ပြောင်း အလုပ်သမားများ သိသင့်သိထိုက်သည့် သတင်းအချက် အလက်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မှန်ကန်စွာရရှိရေး၊ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန် ဝတ္တရားများကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး၊ ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ ကူညီပေးရေး ဗဟိုဌာန များမှတစ်ဆင့် ကာကွယ် စောင့်ရှောက်မှုများ ပေးနိုင်ရေး၊ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရေး စသည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း။

ထို့အပြင် အဆိုပါဌာနများမှာ ဘာသာစကား လေ့ကျင့်ပေးခြင်း၊ ဥပဒေဆိုင်ရာ အကူအညီပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေပေးခြင်း၊ ကျွမ်းကျင်မှု အဆင့် မြှင့်တင်ပေးခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသည့် အလုပ်သမားများ အတွက် အသေးစားလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အကူအညီပေးခြင်း၊ ပြန်လည် ပူးပေါင်း ဆောင်ရွက်ရန် ထောက်ပံ့မှုများ ပြုလုပ်ပေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအား အသိပညာ ပေးခြင်းနှင့် အကြံပြု ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းစသည့် ရွှေ့ပြောင်း သွားလာခြင်းနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေဖြင့် ပြည်ပ အလုပ်အကိုင် အေဂျင်စီအပါအဝင်၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ တစ်ဆင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ မြန်မာ အလုပ်သမားများကို စေလွှတ်လျက် ရှိကြောင်း သိရှိရသည်။
ထို့နောက် ရွှေ့ပြောင်း သွားလာသူများ အတွက် နိုင်ငံတကာ အဖွဲ့အစည်း၏ Chief of Mission Mr. Kieran Gorman Best က အမှာစကား ပြောကြားပြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က MRC ဌာနရုံး များမှ လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုများကို တက်ရောက်လာသူများအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဘဝချိန်ခွင်ကုမ္ပဏီမှ ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေး လုပ်ငန်း ခွင်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရ သေဆုံးသွားသော မြန်မာရွေ့ပြောင်း အလုပ်သမား၏ မိခင်ဖြစ်သူအား အသက်အာမခံ လျော်ကြေးနှင့် ထိခိုက် နစ်နာကြေး ငွေကျပ် သိန်း ၁၅ဝ ကျော် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment