အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကို အရေးပေါ်အခြေအနေအရ တာဝန်ယူဆောင်ရွက်နေစဉ်အတွင်း ဦးတည်ချက်(၄)ရပ် ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက် မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” အချက်အား ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
