နေပြည်တော် ဇွန် ၂၆
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်သည် 2015 IMF
Article IV Consultation Mission အဖွဲ့အား ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ
လွှတ်တော် အဆောက်အအုံရေးရာ ဆောင် အမှတ်(I-3)ဧည့်ခန်းမ၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ ကော်မတီအဖွဲ့ဝင် များဖြစ်ကြသော
ဗိုလ်မှူးချုပ်မြင့်ကိုကို၊ဦးမိုးဇော်ဟိန်း၊ ဦးအောင်လင်းလှိုင်၊ ဒေါ်တင်နွယ် ဦး၊
ဦးခွန်လိန်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ ဘဏ္ဍာရေးအကြံပေး ဦးကြည်ရှိန် တို့
တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဘတ်ဂျက်စီမံခန့်ခွဲမှုစနစ်၊ ငွေကြေးစနစ် ခိုင်မာတောင့်တင်း
ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသော ဈေးကွက်စီးပွားရေးစနစ်နှင့် ငွေကြေး
မူဝါဒများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment