Tuesday, June 30, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့တက်ရောက်


နေပြည်တော် ဇွန် ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ယနေ့ည (၇)နာရီတွင် နေပြည်တော်ရှိ LAKE GARDEN ဟိုတယ် ၊ The Living Room ခန်းမ၌ ကျင်းပသည့်  စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ၊ ဦးတင့်ဆန်း ၊ ဒုတိယ၀န်ကြီး ဦးအောင်သိန်း၊ ဗိုလ်ချုပ်ကျော်ညွန့် ၊ ဦးတင်ဦးလွင် ၊ ဒေါ်လဲ့လဲ့သိန်း ၊ ဦးမျိုးအောင် ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်  ဒုတိယ၀န်ကြီးချုပ် မစ္စတာ တိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာလည်း တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းနှင့် စင်ကာပူသမ္မတနိုင်ငံကိုယ်စား      မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး ရောဘတ်ချွာ တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

ညပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးတို့က ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment