Tuesday, June 30, 2015

၅၂ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ


နေပြည်တော် ဇွန် ၃၀
(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့အဖြစ် ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်းပြည်ပရတနာ ကုန်သည် များက အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်းတွဲများကို ကြည့်ရှုပြီး တင်ဒါတင်သွင်း ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေးဗဟိုကော်မတီနာယက သတ္ထုတွင်း ၀န်ကြီးဌာန  ပြည်ထောင်စု ၀န်ကြီး  ဒေါက်တာမြင့်အောင်နှင့် ကော်မတီဝင်များက ပြပွဲအတွင်း ကျောက်စိမ်းအတွဲများကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချနေမှုကို  ကြည့်ရှုအားပေးသည်။

ယနေ့တွင် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၁၄၅၀)  ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်   ရောင်းချပြီး ဇူလိုင် (၁)ရက်တွင် ကျောက်စိမ်းအတွဲပေါင်း (၁၄၅၀) တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment