ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း သည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ တိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ
(၅) နာရီခွဲတွင် နေပြည်တော်ရှိ LAKE GARDEN ဟိုတယ် ၊ ချင်းတွင်းခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ၊ ဦးတင့်ဆန်း ၊ ဒုတိယ၀န်ကြီး ဦးအောင်သိန်း၊ ဗိုလ်ချုပ်ကျော်ညွန့်
၊ ဦးတင်ဦးလွင် ၊ ဒေါ်လဲ့လဲ့သိန်း ၊ ဦးမျိုးအောင် ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ
ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည် တော်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ
စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာလည်း တက်ရောက် သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာများ၊ နှစ်နိုင်ငံ အကြား စီးပွားရေး၊
လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အတွေ့
အကြုံဆိုင်ရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment