Sunday, June 28, 2015

မြန်မာ-ကမ္ဘောဒီးယားတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ဆက်လက်မြှင့်တင်ဆောင်ရွက်


နေပြည်တော် ဇွန် ၂၇
ကမ္ဘောဒီးယားနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ကမ္ဘောဒီးယားတပ်မတော် ဒုတိယ စစ်ဦးစီးချုပ်နှင့် ကြည်းတပ် ဦးစီးချုပ် General Meas Sophea က ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားကို ဇွန် ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် ကမ္ဘောဒီးယား တပ်မတော် ကြည်းတပ်ဦးစီးချုပ်ရုံး၌ ကျင်းပသည်။

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ကမ္ဘော ဒီးယား တပ်မတော် ဒုတိယ စစ်ဦးစီး ချုပ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ကမ္ဘောဒီးယားတပ်မတော် ဒုတိယစစ်ဦးစီးချုပ်နှင့် ကြည်းတပ် ဦးစီးချုပ်အား ကြည်းတပ်ဦးစီးချုပ်ရုံး ဧည့်ခန်းမ၌ လည်းကောင်း၊ ကမ္ဘော ဒီးယား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Pol Saroeun အား ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် ကမ္ဘောဒီးယား တပ်မတော်စစ်ဦးစီးချုပ်ရုံး၌ လည်း ကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး General Tea Banh အား မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ စစ်ဦးစီးချုပ်နှင့် Commander of Bodyguard Unit ဖြစ်သူ General Hing Bunhieng အား ညနေ ၅ နာရီ မိနစ် ၄ဝ တွင်Bodyguard Unit (ကိုယ်ရံတော် တပ်ဖွဲ့) အစည်းအဝေးခန်းမ၌ လည်းကောင်း တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု၊ ဆက်ဆံရေး ဆက်လက်မြှင့် တင်ဆောင်ရွက်ရန်နှင့် လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော် ဆိုင်ရာ အားကစားအဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန် စေလွှတ်ရေး ကိစ္စရပ်များအပြင် ကမ္ဘောဒီးယားနိုင်ငံ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ကျော်လွှား ဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက် မည့်ဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြ သည်။
(မြဝတီ)

No comments:

Post a Comment