Tuesday, June 30, 2015

မဲခေါင်မြစ်ဝှမ်းဒေသ တည်ငြိမ်အေးချမ်းရေး လေးနိုင်ငံ ဆွေးနွေးပွဲ ကျင်းပ


တာချီလိတ် ဇွန် ၂၉
တတိယအကြိမ် မဲခေါင်မြစ်ဝှမ်းဒေသ ငြိမ်ဝပ်ပိပြားရေး နှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အဓိကပြဿနာများ ပူးပေါင်းစုံစမ်းလေ့ လာခြင်း လေးနိုင်ငံဆွေးနွေးပွဲကို တာချီ လိတ်မြို့၌ ဇွန် ၂၅ ရက်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံများ မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့သည်။ ဆွေး နွေးပွဲ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူး ချုပ် မောင်မောင်ခိုင်က တတိယအကြိမ် မဲခေါင်မြစ်ဝှမ်း ဒေသငြိမ် ဝပ်ပိပြားရေးနှင့် တည်ငြိမ်းအေး ချမ်းရေးဆိုင်ရာ အဓိကပြဿနာများ ပူးပေါင်းစုံစမ်း လေ့လာခြင်း ဆွေးနွေး ပွဲကို မြန်မာနိုင်ငံမှ အလှည့်ကျလက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း၊ လေးနိုင်ငံ ကိုယ်စားလှယ်များ အနေဖြင့် မူးယစ်ဆေး ဝါးပြဿနာများနှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင်လည်း ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း၊ ၎င်းဆွေးနွေးပွဲမှ ရရှိခဲ့သည့် လေ့လာတွေ့ရှိ သုံးသပ် ချက်များကို အောင်မြင် အောင်ဆောင်ရွက်သွားရန် လေးနိုင်ငံလုံးတွင် တာဝန်ရှိကြောင်း၊ အပြုသဘော ဆောင်သည့် ဝန်ကြီးအဆင့် သဘောတူညီချက်ကိုလည်း ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့ လေးနိုင်ငံကြားရှိ နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုများကို အခြေခံ၍ မဲခေါင်မြစ်ဝှမ်း ဒေသ ငြိမ်ဝပ်ပိပြားရေးနှင့် တည်ငြိမ်းအေးချမ်းရေးဆိုင်ရာ အဓိကပြဿနာများကို ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန် တိုက် တွန်းကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်တပ်ဖွဲ့စု(တားဆီး)မှ ဒု-ဌာနမှူး ဒုရဲ မှူးကြီးကျော်ကျော်မင်းက မြန်မာနိုင်ငံ၏ မူးယစ် ဆေးဝါးနှင့် ဆက်နွယ်နေသည့်သမိုင်းကြောင်း ဗီဒီယိုကို ပြသ၍ မြန်မာ နိုင်ငံမှ မူးယစ်ဆေးဝါးထုတ်လုပ်မှု သမိုင်းကြောင်း၊ အစိုးရ အဆက်ဆက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပုံနှင့် လက်ရှိအချိန်တွင် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးအရဆွေးနွေးမှုများပြုလုပ်ပြီး တိုင်းရင်းသားများအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အစိုးရနှင့်အတူ အင်တိုက်အား တိုက်ပူး ပေါင်းဆောင်ရွက်နေသည့် အခြေ အနေများ၊ မူးယစ်တပ်ဖွဲ့များကိုလည်း ယခင် ၂၆ ဖွဲ့ရှိရာမှာ ယခုအခါ တပ်ဖွဲ့စု ၅ဝ ထိ တိုးချဲ့ဖွဲ့စည်းပြီး နိုင်ငံ တစ်ဝန်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်း များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။
ထို့နောက် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့စု မှူး ဒုရဲမှူးသန်းရွှေက တာချီလိတ်ခရိုင် နယ်မြေ အခြေ အနေ၊ လာအို၊ ထိုင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်မှု အခြေအနေ၊ ဓာတုပစ္စည်းများ မဲခေါင်မြစ်ကြောင်းကို ဖြတ်သန်းပြီး သယ်ဆောင်ရာလမ်းကြောင်းများ၊ အရှိန်အဟုန်မြှင့် ဖမ်း ဆီးမှုများကြောင့် ပြောင်းလဲသယ် ဆောင်ရာ လမ်းကြောင်းများ၊ ထူးခြားဖြစ်စဉ် ဖမ်းဆီးရမိမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆက်လက် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များကလည်း မဲခေါင်မြစ်ဝှမ်းဒေသ ငြိမ်ဝပ် ပိပြားရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment