မြစ်သား မေ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်
မြစ်သားမြို့နယ် သစ်တော ဦးစီးဌာနက ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွင်း ကျူးကျော်ယာများတွင်
ဒေသခံပြည်သူများကို အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ပေး ခဲ့ကြောင်း သိရသည်။
''မြစ်သားမြို့နယ်မှာ ကျူးကျော်ယာ ၁၅၅
ဒသမ ၄၅ ဧကရှိပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွင်း ကျူးကျော်ယာတွေမှာ ဒေသခံပြည်သူ အစုအဖွဲ့
ပိုင်သစ်တောစိုက်ခင်းတွေကို တည်ထောင်ခွင့် လက်မှတ် ထုတ်ပေးပြီး တာဟာ စာရင်းအရ ၁၅၆ ဒသမ
၁၇ ဧကဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ လုပ်ကိုင်ရမယ့် နည်းစနစ်ဟာ သီးနှံသစ်တောရောနှောစိုက်ပျိုးရမယ့်
နည်း စနစ်ပါ။ ထို့အတူ သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းပြီး သစ်တောပြုန်းတီးမှု မရှိစေဖို့
ကျွန်တော်တို့မြို့နယ်သစ်တောဦးစီးဌာနက ၂ဝ၁၄-၂ဝ၁၅ ခုနှစ် အတွင်း ကျွန်း၊ သစ်မာ၊ အခြားသစ်
၇၇ ဒသမ ဝ၂၆ တန်ကို ၂၈ ကြိမ်တိုင် ဖမ်းဆီးသိမ်း ဆည်းခဲ့ပါတယ်''ဟု မြို့နယ်သစ်တောဦးစီးဌာနမှူး
ဦးမျိုးထက်က ဆိုသည်။
ဆက်လက်၍ မြစ်သားမြို့နယ် ကျီတိုင်ကျေးရွာအုပ်စု
ဖိုးအင်ကျေးရွာရှိ ဒေသခံ ပြည်သူများကလည်း '' ၁၉၈ဝ ခုနှစ်လောက်က မီးသွေး၊ ထင်း လိုအပ်ချက်
ကြောင့် ကျွန်တော်တို့ ကျေးရွာအပါအဝင် အနီးအနားမှာရှိတဲ့ သစ်တောတွေပြုန်းတီးလာပါတယ်။
နောက် ကျွန်တော်တို့ကျေးရွာအပါအဝင် အနီးအနား ကျေးရွာတွေလာ ကျေးရွာသူ ကျေးရွာသားတွေဟာ
သဘာဝ ပတ်ဝန်းကျင်ကို သိရှိလာပြီး သဘာဝတောဧက ၂ဝဝ ကျော်လောက်ကို ထိန်းသိမ်းခဲ့တယ်။ ထိန်းသိမ်းပြီးနောက်ပိုင်း
ကျွန်တော်တို့ကျေးရွာမှာ ရေထွက် တစ်ခုထွက် လာပါတယ်။ ထွက်တဲ့ ရေက ရေပူရေအေးနှစ်မျိုးစလုံး
ထွက်ပါတယ်။ ရေထွက်ကရေကိုတစ်ရွာလုံး သောက် သုံးရေ၊ စိုက်ပျိုးရေရရှိပြီး နွေ၊ မိုး၊
ဆောင်းသုံးရာသီလုံး စိုက်ပျိုးနိုင်ပါတယ်။ အခုဆိုရင် မြို့နယ် သစ်တော ဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့
ဟောပြောပွဲတွေ ပြုလုပ် လာချိန်တွင် ကျွန်တော်တို့ကျေးရွာက ဒေသခံတွေလည်း ခေတ်အဆက်ဆက်က
ထိန်းသိမ်းလာခဲ့တဲ့ သဘာဝတောလေးကို ဒေသခံစု ဖွဲ့ပိုင်သစ် တောစိုက်ခင်း တည်ထောင်နိုင်တယ်ဆိုတဲ့
အသိပညာရရှိလာခဲ့ပါတယ်။
ယခုအခါ အသုံးပြုသူများအဖွဲ့ ဖွဲ့ပြီးပြီလည်းဖြစ်ပါတယ်။
သစ်တော ကြိုးဝိုင်းအတွင်း ပါဝင်မှုမရှိတဲ့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းတွေ
တည်ထောင်ခွင့်ပြု လျှောက်လွှာကို သက်ဆိုင်ရာ ဌာနများကို တင်ပြသွားမှာဖြစ်ပါတယ်။ မြစ်သားမြို့နယ်မှာဆိုရင်
ကြိုးဝိုင်းအနေနဲ့ ပြက္ခ ယွေကြိုးဝိုင်း၊ မောင်းကွေး ကန်ကြိုးဝိုင်း နှစ်ခုရှိပါတယ်။
ဒါ့ကြောင့် အခုအခါ ကျွန်တော်တို့ကျေးရွာက ဒေသခံများဟာ သစ်တော တွေ ပြုန်းတီးမှုမရှိစေအောင်
ထိန်းသိမ်းခဲ့တာကြောင့် စိုက်ပျိုးရေကို လုံလောက် စွာရ ရှိခဲ့တဲ့အတွက် စီးပွားရေးဖွံ့ဖြိုး
တိုးတက်လျက်ရှိပါတယ်။ ထို့ကြောင့် သဘာဝတောတွေကို ယခုအခါမှာ အသက်ပေးကာကွယ် စောင့် ရှောက်သွားမှာပါ''ဟု
အဆိုပါကျေးရွာမှ ဒေသခံပြည်သူများက ပြောကြား သည်။

No comments:
Post a Comment