ကွမ်းပင် ကွမ်းရွက်များကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်
တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြရာမှ အခုအခါ အမျိုး သားနှင့် တန်းတူ အမျိုးသမီးများလည်း
ကွမ်းစားသုံးလာသဖြင့် ကွမ်းပင်များကို စီးပွားဖြစ်စိုက်ပျိုး လာကြသည့် အပြင် ကွမ်းရွက်များကို
လက်ကားအရောင်း ဆိုင်များ၊ ကွမ်းယာ အရောင်းဆိုင်းများလည်း တွင်ကျယ်စွာ ရောင်းချလာကြသည်။
အိန္ဒိယနိုင်ငံမှ သုတေသနပညာရှင်များက ကွမ်းရွက်ကို
အစိမ်းရောင်ရွှေဟု တင်စားခေါ်ဝေါ်သမုတ်ကြသည်မှာ ကွမ်းရွက်တွင် အံ့သြ ဖွယ်ရာကောင်းသည့်
အဖိုးတန်အာဟာရဓာတ်များစွာပါဝင်ကြောင်း တွေ့ရှိရသည်ဟု လေ့လာမှတ် သားရပါသည်။
ကွမ်းပင်များကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်
စိုက်ပျိုးကြသည်။ ကွမ်းရွက်ကိုကွမ်းနုဝါနှင့် ကွမ်းစိမ်းဟု နှစ်မျိုး နှစ်စားရှိသော်
လည်း အရောင်းဆိုင်များတွင် အနုစား၊ အလတ်စား၊ အကြမ်းစားနှင့် အရိုင်းစားဟူ၍ လေးမျိုး
လေးစားခွဲရောင်းချကြသည်။ ကွမ်းနုဝါကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊မုံရွာနှင့်
ကျောက်ပန်း တောင်းမြို့ နယ်များမှ အများဆုံးတင်ပို့ရောင်းချသည်။ ကွမ်းစိမ်းများကို
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်များမှ တင်ပို့ ရောင်းချသည်ဟု
သိရသည်။
ကွမ်းရွက်သည် ဖန်၊ ခါး၊ ပူ၊ စပ် အရသာလေးပါးပါဝင်သဖြင့်
သလိပ်ကြေ၊ လေနိုင်စေပြီး နှုတ်မြိန်စေသဖြင့် ခွန်အားကိုတိုးပွားစေပါ သည်။ ၎င်းအပြင် ရေဓာတ်၊
အသားဓာတ်၊အဆီနှင့် သတ္တုဓာတ်များ ၊ ကစီဓာတ်၊ အမျှင် ဓာတ်အပြင် ဗီတာမင် အေ ၊ဘီ၊ စီ၊ ကယ်လ်စီ
ယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ သိုင်ယာမင်းနှင့် နိုင်ယာစင်၊ သံဓာတ်စသည့်အာဟာရဓာတ်များပါဝင်သည့်အတွက်
ကွမ်းရွက် ခြောက်ရွက်မှာပါဝင်သည့် ဗီတာမင်နှင့် သတ္တု ဓာတ်များဟာ နွားနို့သုံးရာစီစီတွင်ပါဝင်သည့်ပမာဏနှင့်ညီမျှသည်ဟု
သုတေသနပညာရှင်များက ဆိုကြသည်။
ကွမ်းရွက်သည် ကစီဓာတ်ကို ချေဖျက်နိုင်ပြီး
အင်ဇိုင်းမျာလည်းပါရှိသဖြင့် အဆုပ်ကိုထိခိုက်စေ သည့်ဝေဒ နာများမှ သက်သာစေသည်။ ကွမ်းရွက်၏
အေးမြသည့်အာနိသင်ကြောင့် ကင်ဆာရောဂါကို ပျောက်အောင် ကုသ နိုင်သည့် ဓာတ်ပစ္စည်းများပါဝင်သည့်အပြင်
အထူးသဖြင့် သွေးကင်ဆာကိုပျောက်ကင်းနိုင်အောင်အထိ ကုသနိုင် မည်ဟုဆေး သုတေသနပညာရှင်များ
မျှော်လင့်ထားကြသည်ကို လေ့လာမှတ်သားမိပါသည်။
မြန်မာ့ဆေးကျမ်းများတွင် ကွမ်းရွက်သတ္တုရည်ကို
ပျားရည်နှင့်တိုက်ကျွေးပေးလျှင် ကလေးများ တွင်ဖြစ် တတ်သော အစာမကြေ၊ လေပွ၊ဝမ်းပျက်ဝမ်းသွား၊
ဖျားနာများကို ပျောက်ကင်းနိုင်သည့်အပြင် ကွမ်းရွက် အရည် ညှစ်၍ နွား နို့စစ်စစ်နှင့်သောက်ပေးလျှင်
အမျိုးသမီးများမီးယပ်ကြောင့်ဖြစ်သော စိတ္တဇရောဂါ ပျောက်ကင်း နိုင်သည်။
အပူဒဏ်ကြောင့်ဖြစ်တတ်သည့် မျက်စိနာ၊မျက်စိကိုက်ရောဂါများအတွက်
ကွမ်းရွက်ညှစ်ရည် မျက်စဉ်း ခတ်ပေးပါက သက်သာသွား မည်ဖြစ်ပြီး ကွမ်းရွက်မှာ ဆီးရွှင်စေသည့်သတ္တိရှိသောကြောင့်
ဆီးချုပ်၊ ဆီးနည်းသော အခါ၎င်းသတ္တုရည်နှင့် သကြား၊ နွားနို့တို့ဖြင့် ရောသောက်သင့်ပါသည်။
ချောင်းဆိုး၊ ပန်းနာ၊ ရင်ကယ်၊ ရင်အောင့်ရောဂါများအတွက်လည်း
ချင်းပြုတ်ရည် သိန္ဓောဆားနှင့် ကွမ်းရွက် အရည်ညှစ် ရောသောက်ပေးလျှင် ပျောက်ကင်းစေပါသည်။
ယင်းအပြင် ကွမ်းရွက်ဆယ်ရွက်ခန့်ကိုအနည်းငယ်ချေပြီး
ရေနွေးပူပူနှင့်နှပ်၍သောက်ပေးပါက သွားနှင့် သွားဖုံး ရောင်ပျောက်ကင်းသည့်အပြင် ကိုယ်သင်းရနံ့ကောင်းစေသည်။အစာစားပြီး
ကွမ်းရွက်ကိုစားပေးပါက ခံတွင်းနံ့ ကောင်းပြီး အစာကြေလွယ်သည့်အပြင် ၎င်းတွင်ပါဝင်သော အမျှင်ဓာတ်များက
သန်ကောင် တုပ်ကောင်များကို သေစေနိုင် သည်ဟု သိရ သည်။ ၎င်းကွမ်းရွက်သည် နှလုံးခုန်နှုန်းကို
စည်းချက်ညီစေသည်ဆိုသဖြင့် နှလုံးရောဂါဝေဒနာရှင်များ ကွမ်းရွက်ကို ရေအနည်းငယ်ဆွတ်၍ နှလုံးနေရာ၌ကပ်ပေးပါက
နှလုံးအောင့် ဝေဒနာကို သက်သာစေပါသည်။
နို့တိုက်မိခင်များလည်း ရင်သားရောင်ရမ်းခြင်း၊
အဖြူဆင်းခြင်း စသောရောဂါများအတွက်လည်း ကွမ်းရွက်သည် ဆေးဖက်ဝင် လှသည်ဟု ဆိုပါသည်။ ကွမ်းရွက်ညှစ်ရည်ကိုပျားရည်နှင့်
ဆတူရော၍ တစ်နေ့နှစ်ကြိမ် သောက်သုံး ပေးခြင်ဖြင့်လည်း အာရုံကြောအားနည်းသည့်ဝေဒနာရှင်များ
ရောဂါပျောက်ကင်းစေပါသည်။
ဤကဲ့သို့ ဆေးစွမ်းထက်မြက်စေသောကွမ်းရွက်ကို
ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီးစသည့်တို့အပြင် ပြည်ပနိုင်ငံမှ တင်ပို့ရောင်းချသော ကွမ်းစားဆေးများဖြင့်
ရောနှော၍ လူကြီး၊ လူငယ်၊ အမျိုးသမီးများလည်း စားသုံးခြင်းများ လာသဖြင့် မိမိအသက်အန္တရာယ်
မိမိကိုယ်တိုင် လက်ယပ်ခေါ်နေကြသလိုဖြစ်သည်။
ကွမ်းယာစားသုံးခြင်းသည်လည်း မူးယစ်ဆေးဝါးစွဲသလိုဖြစ်နေသောကြောင့်
ကွမ်းစားခင်းအန္တရာယ် သတိပေး နှိုးဆော်ချက်များလည်း ထုတ်ပြန်ထားပြီး ကွမ်းယာကို အမြဲမပြတ်စားခြင်း၊
ဝါးခြင်း ငုံခြင်း၊ ကွမ်းယာထဲတွင် ဆေးရွက်ကြီး ထည့်စားခြင်း၊ ကွမ်းယာထဲ တွင် ဆေးရွက်ကြီးကို
အမျိုးမျိုးပြုပြင်ထားသော ဆေးပေါင်းနှပ် ဆေးထည့်၍ စားသုံးခြင်တို့ကြောင့် နှလုံးရောဂါ၊
သွေးတိုးရောဂါကဲ့သို့ မကူးစက်နိုင်သော နာတာရှည်ရောဂါများ၊ ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ
အသံအိုးကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါသည်။
ကွမ်းရွက်သည် ဆေးဖက်ဝင်အသုံးပြုပါကဆေးဖက်ဝင်စေကာ
ကွမ်းယာအဖြစ်ဆေးရွကကြီးများနှင့် အခြား ပါဝင် ဆေးပေါင်းပစ္စည်း များကြောင့် နှုတ်ခမ်း၊
ပါးစပ်၊ လျှာ၊ သွားဖုံးနှင့်ခံတွင်းကင်ဆာများ အဖြစ်များနေ သည့် အပြင်ဆီးကျောက်ပါတည်စေနိုင်ပါသည်။
ယခုအခါ ကွမ်းစိုက်ပျိုးသူများသည်လည်း ကွမ်းဈေးကောင်းနေသဖြင့်
ကွမ်းရွက်အထွက်တိုး ပိုးမကျစေရန် အပင်အားဆေး ပိုးသတ်ဆေး အသုံးပြုစိုက်ပျိုးကြသောကြောင့်
စားသုံးသူများ အန္တရာယ်ကင်းစင်ရေး ဦးစားပေး
အလေးထားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment