Friday, May 29, 2015

လူမှောင်ခိုတရားခံ ထိုင်းနိုင်ငံသား စက်လှေပိုင်ရှင်အား ဖမ်းဆီးရမိ



နေပြည်တော် မေ ၂၉
မေ ၂၁ ရက် ညနေ ၃ နာရီခွဲအချိန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက် ဘက် မြန်မာ့ ရေပိုင်နက်အတွင်း ဘင်္ဂါလီလူမျိုး (၂၀၈)ဦးပါ လူမှောင်ခိုစက်လှေအား တပ်မတော်ရေယာဉ်မှ တွေ့ရှိ သဖြင့်
ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စက်လှေလုပ်သား(၁၇)ဦး၊ စကားပြန်(၃)ဦးတို့အား စစ်ဆေးချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးများ တင်ဆောင်ထားသည့် စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံ သား အမှတ်(၂၄၆) မိုဆောင်လမ်း ဘနွန်းရပ်ကွက် ရနောင်းမြို့ ထိုင်းနိုင်ငံတွင်နေထိုင်သူ အုမင့်(ခ) ဖိမင့်(ခ) စိုးဝင်း(ခ) နိုင်နုတ်ဖထွန်စံတွန် ဖြစ်ကြောင်း၊ ၎င်းမှာဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ လူမှောင်ခိုများနှင့် ချိတ်ဆက်၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ လူမှောင်ခိုပို့ဆောင်နေသူဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်ပိုင်း ထွက်ပြေး တိမ်းရှောင် သွားနိုင်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
အဆိုပါတရားခံအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်၍ သတင်း ဆက်စပ် ဖော်ထုတ်ချက်အရ မေလ(၂၉)ရက် နံနက် (၁၁)နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် လေးထောင့် ကန်ရပ်ကွက် လေးထောင့်ကန် လမ်းဆုံရှိ မဟာနွယ် လက်ဖက်ရည် ဆိုင်တွင် လူမှောင်ခိုတရားခံ အုမင့်(ခ)ဖိမင့်(ခ) စိုးဝင်း(ခ) နိုင်နုတ်ဖထွန်စံတွန် (၅၃)နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လူမှောင်ခိုဖြစ်စဉ် ကွင်းဆက် တရားခံများ ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာမှ သတင်းရရှိသည်။

No comments:

Post a Comment