Friday, May 29, 2015

ဂန္တဝင် ရုပ်ရှင်ကား ၅၀ ကျော် ပြသမည့် အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော်စတင်


ရန်ကုန်-မေ( ၂၉ )
ကမ္ဘာတစ်ဝန်းမှ ဂန္တဝင်ရုပ်ရှင်ကား ၅၀ ကျော်နှင့် မြန်မာ့ ဂန္တဝင်ဇာတ်ကား ၄ ကား ပါဝင်သည့် တတိယအကြိမ် အမှတ် တရ နိုင်ငံတကာရုပ်ရှင် အမွေအနှစ် ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၄)နာရီက ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင်  ကျင်းပသည်။





အဆိုပါ ပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Thierry MATHOU၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ပြင်သစ်ရုပ်ရှင်မင်းသမီး ကက်သရင်းဒနဗ်၊ မလေးရှား နိုင်ငံက မီရှယ်ယိုး၊ ဟောင်ကောင်မင်းသမီး ချန်ပင်းပင်း၊ စင်ကာပူမင်းသမီး မာရီလီး၊ မြန်မာနိုင်ငံမှ ဂန္တဝင် ရုပ်ရှင်မင်းသမီးကြီးများ ဖြစ်ကြသည့် ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်ခင်သီတာထွန်း၊ ဒါရိုက်တာ ဒေါ်သင်းသင်းယုနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရုပ်ရှင်ချစ် ပရိသတ်များ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် နိုင်ငံတကာရုပ်ရှင် အမွေအနှစ် ပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အပါအဝင် မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် ပြင်သစ် နိုင်ငံမှ Technicolor Foundation for Cinema Heritage တို့ ပူးပေါင်း တင်ဆက်ခြင်း ဖြစ်သည်။
နိုင်ငံတကာရုပ်ရှင် အမွေအနှစ် ပွဲတော်တွင် ကမ္ဘာတစ်ဝန်းမှ ရုပ်ရှင်ဇာတ်ကား ၅၀ ကျော်နှင့် မြန်မာ့ဂန္တဝင်ရုပ်ရှင် ဇာတ်ကား ၄ ကားတို့အား မေ(၂၉)ရက်မှ ဇွန်(၇)ရက်အထိ ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် အခမဲ့ ပြသသွား မည်ဖြစ်သည်။

No comments:

Post a Comment