Saturday, May 30, 2015

" ရန်ကုန်တစ်ဖက်ကမ်း ဒလကလည်း နယူးရန်ကုန်ဖြစ်သွားမှာပါ " ရန်ကုန်-ဒလ ခေတ်မီကွန်ကရစ်ကြိုးဆိုင်းတံတားစီမံကိန်းအပေါ် ဒေသခံတို့၏ သဘောထားအမြင်များ




ရန်ကုန် မေ ၂၉

မေ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက် သွယ်ပေးမည့် ခေတ်မီကွန်ကရစ်ကြိုးဆိုင်းတံတား တည်ဆောက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ချေးယူခွင့်နှင့်စပ်လျဉ်း၍ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က လွှတ်တော်၏ခွင့်ပြုချက်ရရှိရန် ရှင်းလင်းတင်ပြခဲ့သည်။

မေ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၅၁ ရက်မြောက်နေ့တွင် အဆိုပါ ချေးငွေ နှင့်စပ်လျဉ်း၍ လွှတ်တော်က အတည် ပြုခဲ့သည်။


အဆိုပါသတင်းက ရန်ကုန်မြို့ခံ ပြည်သူများ အထူးသဖြင့်ဒလမြို့ခံ ပြည်သူများအကြားတွင် လှုပ်ခတ် သွားခဲ့သည်။ သို့မို့ကြောင့် ရန်ကုန်-ဒလ ခေတ်မီကွန်ကရစ်ကြိုးဆိုင်း တံတား စီမံကိန်းအပေါ် ဒေသခံ ပြည်သူတို့၏ သဘောထားအမြင်များ ကိုကောက်နုတ်စုစည်း ဖော်ပြလိုက် ရပါသည်။

ဦးညီညီ 
ဒလမြို့၊ ဗညားဒလရပ်ကွက်
ဒလ-ရန်ကုန် မြစ်ကူးတံတား ကြီး ထိုးလိုက်မယ်ဆိုရင် ကော့မှူး-ကွမ်းခြံကုန်း-ဒလက ဒေသခံတွေ သွားရေးလာရေးအဆင်ပြေသွားမယ်။ နေ့ရောညပါသွားပြီး အလုပ်လုပ် လို့ရပါတယ်။ တံတားထိုးမယ်ဆိုတော့ စီးပွားရေးသမားတွေက မြေဈေး ကစားမှာပဲ၊ ဒါပေမဲ့ ရလဒ်ကတော့ ရန်ကုန်တစ်ဖက်ကမ်း ဒလကလည်း နယူးရန်ကုန်ဖြစ်သွားမှာပါ။

ဦးခင်အေး (ဆိုင်ကယ်ကယ်ရီ)
ဒလမြို့၊ ဘုရင့်နောင်ရပ်ကွက်
တံတားထိုးလိုက်ရင် အားလုံး သွားရေးလာရေးလွယ်ကူပြီး လုပ် ကိုင်စားသောက်ရတာ အဆင်ပြေ သွားမယ်လို့ထင်ပါတယ်။ ခရီးသည် တွေလည်း အားလုံးအဆင်ပြေသွား မယ်။ ရေလမ်းနဲ့ သွားလာလှုပ်ရှား ရတာ ခက်ခဲတယ်။ မနက်ဆိုရင် ပိုပြီး သွားရေးလာရေး ခက်ခဲတယ်။ ကားလမ်းပေါက်သွားမယ်ဆိုရင် သွားရေးလာရေး ပိုအဆင်ပြေသွား မယ်။
တံတားထိုးလိုက်တဲ့အတွက် ပြည်သူလူထုအတွက် ကောင်းမွန်လာ မှာ သေချာပါတယ်။

ဦးဝင်းကို (ဝန်ထမ်း)
ဒလမြို့၊ မြို့မ (၃)ရပ်ကွက်
အရင်ကတော့ သွားရေးလာရေး ခက်ခဲတယ်။ သင်္ဘောလိုင်းက ၉ နာရီအထိပဲ ပြေးဆွဲပေးတယ်။ မိုး ရာသီ လှိုင်းလေကြမ်းတဲ့အခါမှာ အရေးပေါ်လူနာတွေဆို ရန်ကုန် ဘက်သွားဖို့ အလွန်ဒုက္ခရောက်တယ်။ တံတားကြီးထိုးလိုက်မယ်ဆိုရင် ကျန်း မာရေးအတွက်လည်း ကောင်းသလို လူမှုရေး၊ စီးပွားရေး၊ ပညာရေး တွေလည်း နဂိုကထက် ဖွံ့ဖြိုးတိုး တက်လာမယ်လို့ ယုံကြည်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဒီဘက်ကိုလာမယ်လို့ အသံတွေထွက် နေတယ်။ နိုင်ငံခြားသားတွေက လည်း တဖွဲဖွဲလေ့လာဖို့ ရောက်လာ ကြတယ်။ နိုင်ငံခြားသားတွေလာ ကြလို့ ဆိုက်ကားသမားတစ်ယောက် ကို အနည်းဆုံး လေးထောင်၊ ငါး ထောင် လောက်ရတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင် ဒေသခံတွေရဲ့ စီးပွားရေးတွေ၊ အလုပ် အကိုင်အခွင့်အလမ်းတွေ ပိုဖွံ့ဖြိုး တိုးတက်လာမယ်လို့ ယုံကြည်တယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါမှာ မြို့ရွာတိုးတက်လာသလို၊ မြေဈေးက လည်း အထိုက်အလျောက်မြင့်လာ တယ်။ တချို့ ဝိသမလောဘသားတွေ က မတော်မတရား မြေဈေးကို တောင်းတဲ့အပေါ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ညှိပေးဖို့တော့ လိုအပ်တယ်လို့ယူဆတယ်။

ဒေါ်ခင်ခင်ဝင်း 
(အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)ဒလမြို့နယ် 
တံတားကြီးထိုးမယ် ဆိုတော့ အများကြီးဝမ်းသာတယ်။ ကျန်းမာ ရေးအတွက်လည်း ပိုပြီးကောင်းသွား မယ်။ရန်ကုန်ဘက်ခြမ်းကဆေးရုံတွေ သွားမယ်ဆိုရင်သင်္ဘောတွေကို စောင့် ပြီး စီးရတယ်။ လူနာတွေအတွက် အဓိကပါ။ ဒီဘက်မှာက တိုက်နယ် ဆေးရုံ၊ မြို့နယ်ဆေးရုံလေးတွေပဲရှိ တာဆိုတော့ အရေးကြီးလူနာတွေ အတွက် အဆင်ပြေသွားပါတယ်။

ဦးသန်းလွင်
ဒလမြို့နယ်၊ မြို့မ (၄)ရပ်ကွက်၊ 

တံတားကြီးထိုးဖို့အတွက် မျှော် လင့်နေတာကြာပြီ၊ အခုလို တံတား ထိုးပေးမယ်ဆိုတဲ့ အသံကြားတော့ အလွန်ဝမ်းသာတယ်။ ကျွန်တော်တို့ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများ လာမယ်။ လူနေမှုအဆင့်အတန်း တွေလည်း မြင့်လာမယ်။ ဒလက ရန်ကုန်နဲ့ နီးတယ်ဆိုပေမယ့် မြစ်ကြီး ခြားနေတဲ့အတွက် ဖွံ့ဖြိုးမှုက နောက် ကျနေတယ်။ အဓိက သင်္ဘောတွေနဲ့ စက်တပ်သမ္ဗန်၊ လှေတွေကိုပဲ အားထားပြီး ရန်ကုန်ဘက်ကို သွား နေရတယ်။ တံတားကြီးထိုးလိုက် မယ်ဆိုရင် ဒလမြို့အတွက်သာမက ဘဲ ဧရာဝတီတိုင်းကလာတဲ့ ဒေသခံ တွေ အတွက်လည်း အဆင်ပြေသွား ပါတယ်။

No comments:

Post a Comment