ညောင်ဦး မေ ၂၉
ပုဂံယဉ်ကျေးမှုဒေသတွင်
အလည်အပတ် ရောက်ရှိနေသော ဆွစ်ဇာလန် နိုင်ငံသူနှစ်ဦး ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့တွင်
လည်ပတ် စဉ်က ပျောက်ဆုံးသွားခဲ့သော ခရီးဆောင်အိတ်အတွင်းမှ ကင်မရာ တစ်လုံးနှင့် ငွေအချို့ပြန် လည်
တွေ့ရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့(ရှမ်း) က (ပုဂံ) အဖွဲ့နှင့် ချိတ်ဆက်၍
ပြန်လည်တွေ့ရှိ
ပစ္စည်းများကို တောင်ကြီးမှ ညောင်ဦးသို့ ထွက်ခွာလာသည့် မော်တော် ယာဉ်ဖြင့်
ပေးပို့ရာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းရဲ တပ်ဖွဲ့(ပုဂံ)မှ ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက
ပိုင်ရှင် ဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသူထံသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
ဆွစ်ဇာလန်နိုင်ငံ Ms.Erni Nina Valeria, ပါ နှစ်ဦးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ သို့
ရောက်ရှိလည်ပတ်ခဲ့စဉ်က ၄င်းတို့၏ ကျောပိုးအိတ်နှစ်လုံးကို Gloden Lake Tour
Services ထံအပ်နှံကာ ညောင်ရွှေမှ ကလောသို့ သွားရောက်ခဲ့ကြောင်း၊ ထို့နောက် မန္တလေးသို့
တောင်ပေါ်သား မော်တော် ယာဉ်လိုင်းဖြင့် လိုက်ပါခဲ့ပြီး မန္တလေးမြို့ET ဟိုတယ်သို့ ရောက်ရှိချိန်တွင်
အိတ်အတွင်းရှိ ပစ္စည်းများကို စစ်ဆေးရာ ကင်မရာ တစ်လုံး မပါရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့
(မန္တလေး) ထံသို့ အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။
ယင်းပျောက်ဆုံးမှုနှင့်ပတ်သက်၍
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းရဲတပ်ဖွဲ့(မန္တလေး) မှ (ရှမ်း) သို့ ဖုန်းဖြင့် ဆက်လက် အကြောင်းကြားခဲ့ရာ
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့(ရှမ်း)မှ တပ်ဖွဲ့စုမှူး၏ ကြီးကြပ်မှုဖြင့် ရဲအုပ်စိုးနိုင်လင်း ဦးစီးတပ်ဖွဲ့ဝင်များသည်
ညောင်ရွှေမြို့ ရုံးကြီးလမ်းအတွင်းရှိ Golden LakeTour Services ထံသို့ သွားရောက်စုံစမ်းခဲ့ပြီး
ပိုင်ရှင်ဖြစ်သူ ဦးဇေယျာဖြိုးနှင့် အလုပ်သမားများကို စုံစမ်းမေးမြန်းခဲ့ရာ ၄င်းဆွစ်ဇာလန်နိုင်ငံသူနှစ်ဦးနှင့်
အတူ ဧည့်လမ်းညွှန်အဖြစ် လိုက်ပါသွားသော မောင်တီး မောင်မှတစ်ဆင့် အကြောင်းကြားလာ၍ ပစ္စည်းကျန်ခဲ့သည့်ဖြစ်စဉ်ကို
သိရှိရကြောင်း၊ ထို့နောက် ဆွစ်ဇာလန် နိုင်ငံသူ ကျန်ရစ်ခဲ့သည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ
၁ဝဝ တန် လေးရွက်၊ ၅ဝ တန် နှစ်ရွက်၊ ၂ဝ တန် လေးရွက်၊ ၁ဝ တန် ၁၁ ရွက်၊ ငါးဒေါ်လာတန် တစ်ရွက်၊
တစ်ဒေါ်လာတန်တစ်ရွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇ဝဝ၊Nikon တံဆိပ်ပါ ကင်မရာတစ်လုံး၊Lonely
Planet စာအုပ်တစ်အုပ်၊ သရေအိတ် အသေးတစ်လုံးတို့ကို အပ်နှံပေးခဲ့ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့(ရှမ်း)မှ
အဆိုပါ ပစ္စည်းများကို စနစ် တကျလက်ခံရယူပြီး ပိုင်ရှင်ဖြစ်သူထံပြန်လည် ပေးအပ်နိုင်ရေးအတွက်
မေ ၂၅ ရက်တွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့(မန္တလေး) နှင့် ဆက်သွယ် ခဲ့ရာ အဆိုပါ
ဆွစ်ဇာလန်နိုင်ငံသူနှစ်ဦးမှာ မန္တလေးမှ ပုဂံမြို့သို့ ဆက် လက်ထွက်ခွာသွားပြီး ညောင်ဦးမြို့
အိုအေစစ်ဟိုတယ်၌ တည်းခိုနေ ကြောင်း သိရသဖြင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းရဲတပ်ဖွဲ့(ပုဂံ)နှင့်
ဆက်သွယ်ကာ တောင်ကြီးမှ ပုဂံသို့ထွက်ခွာမည့် ပုဂံမင်းသား မော်တော်ယာဉ်ဖြင့် ပစ္စည်းများကို
ပုဂံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းရဲတပ်ဖွဲ့(ပုဂံ)မှ
ရဲမှူးစိုးပိုင်နှင့် ကြီးကြပ်သူအရာရှိ ရဲအုပ်အောင်မျိုးထွန်း တို့သည် ပုဂံမင်းသား
ကားဂိတ်တွင် ပစ္စည်းများကို သွားရောက် စစ်ဆေးထုတ်ယူခဲ့ပြီး ညောင်ဦးမြို့ အမှတ် (၃)
ရပ်ကွက် အိုအေစစ်ဟိုတယ်၌ တည်းခိုလျက်ရှိသော ဆွစ်ဇာလန်နိုင်ငံသူ ထံသွားရောက်ကာ ဟိုတယ်ဧည့်ခန်းမ၌
ဟိုတယ် မန်နေဂျာ ဦးကျော်ဇေယျဦးနှင့် အမှတ် (၃) ရပ်ကွက် ရပ်မိရပ်ဖနှစ်ဦးရှေ့ မှောက်တွင်
ပစ္စည်းများကို ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment