Friday, May 29, 2015

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၅၂ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ ၂၉
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၅၂ ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီခွဲ တွင် ကျင်းပရာ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာ့သတ္ထုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ အပိုဒ် ပါ ပုဒ်မ ပုဒ်မခွဲ() နောက်တွင် ပုဒ်မခွဲ()အဖြစ် အသစ်ဖြည့်စွက် ချက်နှင့် စပ်လျဉ်း၍  လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။




ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးစောတော်ပလဲက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေကြမ်း၏ အပိုဒ် ပါ ပုဒ်မ ပုဒ်မခွဲ() နောက်တွင် ပုဒ်မခွဲ()အဖြစ် အသစ် ဖြည့်စွက် ချက်ကို အလေးအနက် စဉ်းစားပြီး အတည်ပြုပေးရန် လိုအပ်ပါ ကြောင်း၊ မပြောင်းလဲ အတည်မပြုဘဲ ချန်လှပ် ထားမည် ဆိုပါက မူရင်းဥပဒေအတိုင်း အကြီးစား လုပ်ငန်းရှင် သူဌေးများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အားပေး သကဲ့သို့ ဖြစ်နေပါကြောင်း၊ တစ်နည်းအားဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းများကို အကြီးစား မဖြစ်ရန် ပိတ်ပင်တားမြစ်သည့် ဥပဒေသာ ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပိုဒ် ပါ ပုဒ်မ ပုဒ်မခွဲ() နောက်တွင် ပုဒ်မခွဲ()အဖြစ် အသစ်ဖြည့် စွက်ချက်ကို အခြေခံ လူတန်းစားများ ကိုယ်စား အတည်ပြု ပေးနိုင်ပါ ရန် ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးမင်းလွန်းအောင် က မိမိတို့နိုင်ငံရှိ အခြေခံလူတန်းစား အရင်းအနှီး နည်းပါးသူများ လုပ်ကိုင်ကြမည့် အသေးစား၊ အလတ်စားလုပ်ငန်းများကို အရင်းအနှီး၊ အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီများရရှိရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများနှင့် ပေါင်းစပ်ပေးနိုင်မည့် ဥပဒေကြမ်း၏ အပိုဒ် ပါ ပုဒ်မ ပုဒ်မခွဲ() နောက်တွင် ပုဒ်မခွဲ()အဖြစ် အသစ်ဖြည့်စွက်ချက်ကို ထည့်သွင်းပြဋ္ဌာန်းပေးရန် ထောက်ခံ ပါကြောင်း ဆွေးနွေး ခဲ့သည်။
ထို့နောက် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယခု ဆွေးနွေး နေကြသည့် ဥပဒေကြမ်း၏ အပိုဒ် ပါ ပုဒ်မ ပုဒ်မခွဲ() နောက် တွင် ပုဒ်မခွဲ()အဖြစ် အသစ် ဖြည့်စွက်ချက်သည် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုချက် များအပေါ်တွင် ပြင်ဆင်ဖြည့်စွက်ချက် အနေဖြင့် ထည့်သွင်း ထားခြင်းဖြစ်ပြီး ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် မဟုတ်ပါကြောင်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို မဖွံ့ဖြိုးမတိုးတက် စေလိုသည့်ဆန္ဒဖြင့် ထည့်သွင်း စဉ်းစားခြင်းမဟုတ်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ရပြီးသူများဖြစ်သည့် အတွက် ယခုအသစ် ဖြည့်စွက်မည့် အပိုဒ်(၄)နှင့်လည်း ဥပဒေအရ မည်သို့မျှ မသက်ဆိုင်ပါကြောင်း၊ နိုင်ငံသားလုပ်ငန်း ရှင်များသည် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအပိုဒ်(၁၆) အပိုဒ်ခွဲ(စ)အရ နိုင်ငံခြားသားများနှင့်ပူးပေါင်း လုပ်ဆောင်မည် ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အတိုင်း လုပ်ဆောင်သွားရမည် ဖြစ်သည့်အတွက် ယခုပြင်ဆင်ချက်သည် သတ္ထုတွင်း ဥပဒေကြမ်းနှင့် မည်သို့မျှ မသက်ဆိုင်ပါသဖြင့် ပယ်ဖျက် သင့်ပါကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ သတ္ထုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင်က ဥပဒေ ကြမ်း၏ အပိုဒ် ပါ ပုဒ်မ ပုဒ်မခွဲ() နောက်တွင် ပုဒ်မခွဲ() ဖြည့်စွက်ချက်၏ အဓိက အချက်မှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ် လုပ်ကိုင်ခွင့်ကို လျှောက်ထားရန် ဖြစ်ပါကြောင်း၊ တည်ဆဲနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရလည်း ခွင့်ပြုထားခြင်းမရှိသည့်အတွက် ခွင့်မပြုသင့် ပါကြောင်းနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပယ်ဖျက်လိုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံ ပါကြောင်းဖြင့် ဆွေးနွေးပြီး လွှတ်တော်၏ အဆုံး အဖြတ်ကိုရယူရာ ဥပဒေကြမ်း၏ အပိုဒ် ၄ ပါ ပုဒ်မ ၄  ပုဒ်မခွဲ(ဃ)၏ နောက်တွင် ပုဒ်မခွဲ(င) အသစ်ဖြည့်စွက်ခြင်း မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment