Friday, May 29, 2015

မြန်မာ့ရွှေသတ္တု ဗဟိုဈေးကွက် ဖြစ်မြောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


နေပြည်တော်- မေ ၂၈ ရက်
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထူထောင်ဖွင့်လှစ်မည့် Gold Central Market ဖြစ်ထွန်း လာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က အချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။





အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များ အသင်းဥက္ကဌနှင့် ဗဟိုအလုပ် အမှု ဆောင် များ၊ မြန်မာဖွံ့ဖြိုး တိုးတက်ရေးအများပိုင် ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်များ၊ ရွှေသတ္တုဆိုင်ရာ ကျွမ်းကျင် သူ ပြည်ပပညာရှင် များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းသည် မြန်မာ နိုင်ငံ ၏ ရွှေလုပ်ငန်း ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသည့် တူးဖော်ရေးလုပ်ငန်း၊ သန့်စင်ရေးလုပ်ငန်း၊ အဆင့်မြင့် အချောထည် ပြုပြင်ရေး လုပ်ငန်း၊ ရွှေလက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်နေသူ အားလုံးကို ဦးစီးဦးဆောင်မှုပြုနေသည့် အသင်းကြီး တစ်ခု ဖြစ်သည်နှင့်အညီ နိုင်ငံတော် အစိုးရနှင့် လက်တွဲပြီး ဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရွှေလုပ် ငန်း ရှင်များအသင်း၏ အစီအမံဖြင့် ဆောင်ရွက်မည့် Gold Central Market ကို စနစ်တကျ စီမံအကောင်အထည်ဖော်နိုင်ပါက တန်ဖိုးဖြင့် သတ္တု ထုတ်ကုန်များ၊ တွင်းထွက် သဃံဇာတများ ရောင်းဝယ်ဖောက်ကား လဲလှယ်နိုင်မည့် မြန်မာနိုင်ငံ၏ တစ်ခု တည်းသော ရွှေနှင့်သတ္တု ဗဟိုဈေးကွက်စင်တာကြီး တစ်ခုပေါ်ထွန်း လာမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ ရွှေသတ္တု ရောင်း ဝယ်ဖောက်ကား လာသူများကို နိုင်ငံတကာနှင့် တန်းတူရင်ပေါင်တန်း၍ ရောင်း ဝယ် ဖောက်ကားနိုင်ပြီး ရွှေလောကဖွံ့ဖြိုး တိုးတက်စေ ရန် ဝိုင်းဝန်း အကောင်အထည်ပေးကြရန် လိုအပ်ကြောင်း၊ အသင်းတာဝန် ရှိသူများအနေဖြင့် မိမိလုပ်ငန်း ကဏ္ဍတွင် ပါဝင်ဆောင်ရွက် နေကြသူအားလုံးကို ထိရောက် မှန်ကန်သည့် ဦးဆောင်မှုပေးပြီး အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းများ အောင်မြင် အောင်ကြိုးပမ်း ဆောင်ရွက် သွားကြရန် မှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးသူတော်မှ မြန်မာနိုင်ငံ ၏ ရွှေနှင့် သတ္တုဈေးကွက် ဖွံ့ဖြိုး တိုးတက် စေရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်သွားနိုင်ရန်အတွက် အသင်းဝင်အားလုံးက ကြိုးပမ်း ဆောင်ရွက် သွားရန် ကိစ္စနှင့်အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး သတ္တုတွင်းဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်နှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တို့က ဌာနဆိုင်ရာ လုပ်ငန်းရှင်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စားပွဲဝိုင်းဆွေးနွေးပွဲ(၅)ခုခွဲ၍ ပြည်တွင်းပြည်ပဈေးကွက် ဆိုင်ရာကိစ္စများ၊ ရောင်းဝယ်မှု စနစ်နှင့်ဈေးကွက် တည်ဆောက်ပုံကိစ္စများ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များ ဆိုင်ရာကိစ္စများကို အသေးစိပ် ဆွေးနွေး ဖော်ထုတ်ခဲ့ကြပြီး စားပွဲဝိုင်း ဆွေးနွေးပွဲ ရလဒ်များအပေါ် မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များ အသင်း တာဝန် ရှိသူများက ပြန်လည်သုံးသပ် တင်ပြ ဆွေးနွေးကြ ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြော ကြားပြီး အလုပ်ရုံဆွေးနွေးပွဲ အား ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment