Friday, May 29, 2015

ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေမိုင်(၃၀)ခန့် အကွာတွင် လှေစီးဒုက္ခသည် ဘင်္ဂါလီလူမျိုး (၇၂၇)ဦး ဖမ်းဆီးရမိ








ဖျာပုံ၊ မေ ၂၉

ယနေ့နံနက် ၆နာရီခွဲအချိန်တွင် တပ်မတော်ရေမှ စစ်ရေယာဉ်အမှတ်(၆၂၃) သည် ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေ မိုင်(၃၀)ခန့်အကွာ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ အလျား(၇၆)ပေခန့်ရှိ ပင်လယ်ငါးဖမ်းသင်္ဘောတစ်စီးအား တွေ့ရှိ၍ စစ်ဆေး ရာ ဘင်္ဂါလီလူမျိုး ကျား(၆၀၈)ဦး၊ မ(၇၄)ဦးနှင့် ကလေး(၄၅)ဦး စုစုပေါင်း (၇၂၇)ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။




အဆိုပါ ဘင်္ဂါလီ လှေစီးဒုက္ခသည်များအား တပ်မတော်(ရေ)မှ ဟိုင်းကြီးကျွန်း သို့ ဆက်လက် ခေါ်ဆောင် သွားလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

No comments:

Post a Comment