Thursday, May 28, 2015

ဘီလူးကျွန်းနှင့် မော်လမြိုင်ကိုဆက်သွယ်မည့် သံလွင်တံတား(ချောင်းဆုံ) တည်ဆောက်နေ


ရန်ကုန် မေ ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)တို့ကို ဆက်သွယ်ဆောက်လုပ်လျက်ရှိသည့် သံလွင်တံတား (ချောင်းဆုံ)မှာ နှစ်ဖက်ကမ်းခြေတိုင်များနှင့် ရေလယ် တိုင်အချို့တည်နေပြီဖြစ်ရာ ချောင်းဆုံ မြို့နယ်ဘက်ခြမ်း ကညော်ကျေးရွာ ဘက်တွင် တံတားချဉ်းကပ်လမ်းလည်း ပြုလုပ်လျက်ရှိနေပြီဖြစ်သည်။

မော်လမြိုင်မြို့ ကျိုက်မုပွန် ရပ်ကွက်နှင့် ဘီလူးကျွန်းဘက် ကညော် ကျေးရွာတို့ကို ဆက်သွယ်ကာ သံလွင် မြစ်ကိုဖြတ်ပြီး တည်ဆောက်လျက် ရှိ သည့် သံလွင်တံတား(ချောင်းဆုံ)သည် ကျိုက်မုပွန်ဘက်ခြမ်းတွင် တံတား တိုင်များကို တည်ဆောက်နေ ပြီဖြစ်သည်။
ဘီလူးကျွန်းဘက်ကမ်း ကညော် ကျေးရွာဘက်၌ ကမ်းကပ်တိုင်နှင့် ရေလယ်တိုင်လေးတိုင် တည်ဆောက် နေရာ လာမည့်ပွင့်လင်းရာသီတွင် တံတားတိုင်များ တည်ဆောက်နေမှု ကို သတ်မှတ်နှုန်းအတိုင်း ပြီးစီးရန် ကြိုးစားလျက်ရှိသည်။ သံလွင်တံတား (ချောင်းဆုံ)ကို တံတားတည်ဆောက် ရေးအထူးအဖွဲ့(၄)က တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး လာမည့် ၂ဝ၁၆-၂ဝ၁၇ တွင် အပြီး တည်ဆောက်သွားရန် မျှော်မှန်း ထားသည်။
သံလွင်တံတား(ချောင်းဆုံ)သည် အရှည် ပေ ၆၃ဝဝ ရှိပြီး နှစ်လမ်းသွား တံတားဖြစ်သည်။ တံတားပေါ်၌ ခုံးသုံးခုံးပါရှိပြီး ဘေးနှစ်ဖက်ခုံး အကျယ်မှာ ပေ ၄ဝဝ ရှိကာ အလယ် ခုံးအကျယ်မှာ ပေ ၆ဝဝ ရှိသည်။
တံတားအပေါ်ထည်ခုံးသုံးခုံးကို တောင်ကိုရီးယားနိုင်ငံက ပြုလုပ် မည်ဖြစ်ပြီး ပြုလုပ်ပြီးသားခုံးသုံးခုံးကို ကရိန်းဖြင့် မတင်ကာ တံတားပေါ်သို့ တပ်ဆင်နိုင်ရန် စီစဉ်ထားသည်။ တံတားဘေးနှစ်ဖက် ပေါင်များကို ဂျပန်နည်းပညာဖြင့် ပြုလုပ်မည်ဖြစ် ရာ တံတားဆောက်မှုဆိုင်ရာ နည်း ပညာသစ်များ ရရှိနိုင်မည်ဖြစ်သည်။
တံတား၏ ဘီလူးကျွန်းဘက် ကညော်ကျေးရွာဘက်ခြမ်း၌ ချဉ်း ကပ်လမ်းအရှည် တစ်မိုင် နှစ်ဖာလုံခန့် ရှိပြီး မော်လမြိုင်ဘက် ကျိုက်မုပွန် ဘက်ခြမ်း၌ ချဉ်းကပ်လမ်းအရှည် သည် ပေ ၄ဝဝ ခန့်ရှိသည်။ သံလွင် တံတား(ချောင်းဆုံ)တည်ဆောက်မှု ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ တည်ဆောက်နေခြင်းဖြစ် ပြီး သုံးနှစ်စီမံကိန်းဖြင့်၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည် ဆောက်သွားမည်ဖြစ်သည်။

ယခုအခါ ဘီလူးကျွန်းဘက် အခြမ်းနှင့် မော်လမြိုင် ကျိုက်မုပွန် ဘက်အခြမ်းတို့၌ တံတားတည် ဆောက်ရေး လုပ်ငန်းများ တစ်ပြိုင် တည်း ဆောင်ရွက်လျက်ရှိနေသည်။

No comments:

Post a Comment