Thursday, May 28, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည်များအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဝန်ထမ်း များက နေရပ်လိပ်စာစာရင်း ကောက်ယူခြင်းဆောင်ရွက်

မောင်တော မေ ၂၇

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့၌ မေ ၂၅ ရက်က ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီလှေစီး ဒုက္ခသည် များအား မေ ၂၇ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ မောင်တော(၃)မိုင်ရုံးအဖွဲ့များ၊
AZG အဖွဲ့မှဝန်ထမ်းများ၊ IOM အဖွဲ့နှင့် WFP အဖွဲ့မှ ရုံးအဖွဲ့ များက နေရပ်လိပ်စာစာရင်းများကောက်ယူခြင်း၊ သောက်ရေနှင့် ပစ္စည်းအချို့ကို ထောက်ပံ့ ပေးအပ်ခြင်းများ ဆောင်ရွက် ခဲ့ကြပြီး အသက် ၁၈ နှစ်အောက် လူငယ် ၂၁ ဦးအား ပညာပေးဟောပြောခြင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ကျန်ရှိသည့် မိသားစုများနှင့် ဖုန်းဖြင့်ဆက်သွယ်စကားပြောစေခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြ ကြောင်း သိရ သည်။

No comments:

Post a Comment