Thursday, May 28, 2015

ကိုရီးယားရှိ မြန်မာဘာသာသင်ကြားသောတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ ပူးပေါင်းမှုစတင်

ရန်ကုန် မေ ၂၇
ရန်ကုန်တက္ကသိုလ်နှင့် ဘူဆန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့ရှိ ဘူဆန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ်၌ ကျင်းပသည်။

ဘူဆန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခ Mr.Hae Lin Chung နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ တို့က ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန် လွှာကို လက်မှတ် ရေးထိုးကြသည်။
ဘူဆန် နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ဘာသာရပ်ဌာန ၅ဝ ခန့်ရှိပြီးIT နည်းပညာ၊ အားကစား နှင့် အတွင်းရေးမှူးဘာသာ၊ နိုင်ငံခြား ဘာသာစကားတို့မှာ ထင်ရှားသည်။ ကိုရီးယားနိုင်ငံရှိ တစ်ခုတည်းသော မြန်မာ ဘာသာစကား သင်ကြားရာ တက္ကသိုလ်ဖြစ်သည်။
အဆိုပါ တက္ကသိုလ်မှာ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့ကို ဂုဏ်ပြုချီးမြှင့်ပေး ခဲ့သည့် တက္ကသိုလ်ဖြစ်ပြီး အရှေ့ တောင်အာရှ လေ့လာရေးဌာန ဖွင့် လှစ်ထား သည့် အဆောက်အအုံကို ဦးသိန်းစိန်ခန်းမအဖြစ် အမည်ပေး ဂုဏ်ပြုခဲ့သည်။

ဘူဆန်တက္ကသိုလ်မှ မြန်မာ ဘာသာသင် ကျောင်းသား ကျောင်းသူ များသည် မြန်မာဘာသာကို အနီးကပ် သင်တန်းများ တက်ရောက်နိုင်ရေး အတွက် ရန်ကုန်တက္ကသိုလ်မြန်မာစာ ဌာနသို့ နှစ်စဉ်လာရောက်သင်ယူ ကြရန် သဘောတူခဲ့သည့်အပြင် အခြားပူးပေါင်း ဆောင်ရွက်ရေးကိစ္စ များလည်း ပူးပေါင်းမည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment