Thursday, May 28, 2015

သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု များ နယ်လှည့်ဆောင်ရွက်


စစ်တွေ မေ ၂၇
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်းကုသရေးအဖွဲ့က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ မေ ၂၅ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီနှင့် ထူးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ဆေးကုသရေး ခရီးစဉ် အဖြစ် စစ်တွေမြို့၌ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မေ ၂၅ မှ ၂၇ အထိ သုံးရက်ကြာကုသပေးခဲ့ကာ အခြားမြို့များတွင်လည်း ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သွားနှင့်ခံတွင်း ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုး ဦးဆောင်သော ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့ဝင် ၃၄ ဦးက ဒေသခံပြည်သူများအား သွားနှင့်ခံတွင်း ရောဂါဆိုင်ရာများ စစ်ဆေးခြင်း၊ သွားရောဂါများကို ကုသပေးခြင်းနှင့် သွားတုစိုက်ပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးပြီး လိုအပ် သည့် ဆေးဝါးများ ကိုလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အမ်းမြို့တွင်လည်း ဆက်လက်ကွင်းဆင်းကုသပေးရန် စီစဉ်ထားကြောင်း သိရသည်။


No comments:

Post a Comment