Tuesday, April 28, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နိုင်ငံ Nationl Defence University (NDU)မှ လေ့လာရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ - ၂၈
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းတည့် ၁၂ နာရီတွင် ပါကစ္စတန်နိုင်ငံ  National  Defence  University(NDU) မှ ဒုတိယ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အာနမ်ဘူရ် ရာမန်မာလစ်ခ်  ဦးဆောင်သော သင်တန်းသား လေ့လာရေး ကိုယ်စားလှယ် အဖွဲ့အား ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဗိုလ်မှူးချုပ် အာနမ်ဘူရ် ရာမန်မာလစ်ခ် နှင့်အတူ ပါကစ္စတန်နိုင်ငံ  National  Defence  University(NDU), National  Security & War  Course  2014/ 2015 (NSWC) သင်တန်းမှ သင်တန်းသားများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E.Ehsan  Ullah  Batth  နှင့် စစ်သံမှူး  Colonel  Azhar  Yasin တို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ကောင်းမွန်လျက် ရှိသည့် ရှိရင်းစွဲ ဆက်ဆံရေးအား ပိုမို မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဆိုင်ရာ စိန်ခေါ်မှုများတွင် အပြန်အလှန် သတင်း ဖလှယ်ရေး၊ သင်တန်းများဖွင့်လှစ်လေ့ကျင့်ရေး၊ အပြန်အလှန် ချစ်ကြည်ရေး ခရီး စေလွှတ်ရေး စသည့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများတွင် တိုးမြှင့် ဆောင်ရွက်ရေး တို့အား ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ရပ်တည်မှု အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

No comments:

Post a Comment