နေပြည်တော်
ဧပြီ ၃
အင်ဒိုနီးရှားနိုင်ငံ
ဘန်ဂျီနာကျွန်း၌ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရေလုပ်သား များစွာရှိပြီး အများစုသည်
မြန်မာနိုင်ငံသား များဖြစ်ကာ ၄င်းတို့ အနေဖြင့် မိမိနိုင်ငံသို့ ပြန်လိုကြောင်း သတင်းပို့ကြသည့်
အတွက် ဂျကာတာမြို့ အခြေစိုက် International
Organization for Migration(IOM) အဖွဲ့
အနေဖြင့် အင်ဒိုနီးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ငါးလုပ်ငန်း တာဝန်ရှိ သူများနှင့်
မြန်မာသံရုံးမှ တာဝန်ရှိသူများ ပူးပေါင်း၍ သွားရောက် ကြည့်ရှု စစ်ဆေးပြီး ပြန်လည် ပို့ဆောင်နိုင်ရေး
ကူညီ ဆောင်ရွက်ပေးလိုကြောင်း မတ် ၃ဝ ရက်တွင် IOM အဖွဲ့အကြီးအကဲ မာက့်ဂတ်ချဲက်က အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ
မြန်မာ သံအမတ်ကြီးနှင့် ဂျကာတာမြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အဆိုပါ
ကိစ္စနှင့်ပတ်သက်၍ IOM နှင့် မြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက် ရာတွင် မြန်မာနိုင်ငံမှ
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာ ချထားရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များပါဝင်သော
အဖွဲ့တစ်ဖွဲ့ စေလွှတ်နိုင်ရေးအတွက် မြန်မာသံရုံးမှ အင်ဒိုနီး ရှား နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်
တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ လူကုန်ကူးခံရသော ငါးဖမ်းလုပ်သား များ ကို မြန်မာနိုင်ငံသား
မှန်ကန်ကြောင်း စိစစ်အတည်ပြုပြီးပါက သက်သေခံ လက်မှတ် Cof I ထုတ်ပေးကာ မြန်မာနိုင်ငံ သို့
ဆောလျင်စွာ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာသံအမတ်ကြီးနှင့်
IOM အဖွဲ့အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးပြီး နောက် အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊
ရဲတပ်ဖွဲ့၊ IOM အဖွဲ့နှင့် မြန်မာ သံရုံးဝန်ထမ်းများသည် ရေလုပ်သားများကို ထိန်းသိမ်းထားသည့်
ကျွန်းများ သို့ ဧပြီ ၆ ရက်တွင် သွားရောက်၍ မြန်မာနိုင်ငံသားများကို စိစစ်ရန်နှင့်
လူဦးရေစာရင်း ကောက်ယူရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြား ရေး ဝန်ကြီးဌာနမှ
သတင်းရရှိသည်။
No comments:
Post a Comment