ကျောက်မဲ ဧပြီ ၎
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအား ကြိုဆို
ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင်
ဧပြီ ၄ ရက် နံနက် (၉) နာရီတွင် ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင်
“ ငြိမ်းချမ်းရေးသည် ပြည်သူတို့၏ လိုလားချက် ဆန္ဒနှင့်မျှော်လင့်ချက်” “ငြိမ်းချမ်းဝေစည်
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ” “ပြည်ထောင်စုငြိမ်းချမ်းရေး ဒုတိယပင်လုံ၏အောင်ပွဲ” စသည့်လက်
ကိုင်ဆောင်ပုဒ်များ ကိုင်ဆောင်ကာ “ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး၊ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်စိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်ရေးနှင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးနွေးပွဲ များ
ဆက်လက်ပြုလုပ် နိုင်ရေး၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း
အတည်ပြု အကောင်အထည်ဖော်ရေး” ဟူသည့် ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲသို့ ကျောက်မဲမြို့နယ် အတွင်းရှိ
ရပ်ကွက်(၉)ခုနှင့် ကျေးရွာ (၁၀) ရွာမှ ရှမ်း၊ ဗမာ၊ ဓနု၊ ပလောင်၊ ကိုးကန့် တိုင်းရင်းသားများ
အင်အား (၁၅၀၀၀) ခန့် ပါဝင်ခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်၊ ခရိုင်အားကစားကွင်းမှ အမှတ်(၈)ရပ်ကွက်၊
မြို့နယ် အားကစားကွင်းသို့ ပင်လုံ လမ်းမကြီးနှင့် အောင်ဆန်းလမ်းများအတိုင်း လမ်းလျှောက်
ဆန္ဒဖော်ထုတ်၍ နံနက် (၁၀) နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။



No comments:
Post a Comment