လင်းခေး ဧပြီ ၎
ရှမ်းပြည်နယ်(တောင်ပိုင်း)၊
လင်းခေးခရိုင်၊ လင်းခေးမြို.၊ ရွာမကြီးအရှေ.ရပ်ကွက်နေ၊ မြို.မိမြို.ဖဖြစ်သူ ဦးစိုင်းအောင်သန်းမှ
ဦးဆောင်သော ပြည်သူလူထု စုပေါင်းအင်အား (၁၂၀၀) ကျော်သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူပြီး
စုပေါင်းစီတန်း လှည့်လည် ၍ ၄င်းတို့၏ဆန္ဒဖော်ထုတ်ပွဲကို ဧပြီ(၄)ရက် နံနက်(၈)နာရီကပြုလုပ်ခဲ့ကြကြောင်း
သိရှိရသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲအား
လင်းခေးမြို.၊ နွယ်ဝတီခန်းမအရှေ. လင်းခေး-၀မ်ဟတ်သွား
လမ်းမှစတင်ပြီး မြို.တွင်းလမ်းမကြီး အတိုင်းချီတက်စီတန်း လှည့်လည်လာခဲ့ရာ နှင်းဆီလမ်း၊
သီရိရတနာလမ်း၊ လင်းခေး-မိုင်းပန် မော်တော်ကားလမ်းမကြီး အတိုင်း ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထို့နောက်အဆိုပါအဖွဲ့သည်
လင်းခေးမြို.တွင်း ရွာမကြီးအရှေ.ရပ်ကွက် ရှိခွာညိုလမ်း အတိုင်းပြန်လည်ဝင်ရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက်
၎င်းရပ်ကွက်၊ ဓမ္မာရုံ၌ နံနက် (၉) နာရီအချိန်တွင် လူစုခွဲရပ်နားလိုက်ကြပါသည်။
စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာ၌
“အပစ်အခတ်..အမြန်ရပ်စဲပေး”၊ “စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ငြိမ် အေးချမ်းဖို့လိုသည်”
..၊“ခေတ် မီနိုင်ငံတော် တည်ဆောက်ရေး၊ မင်းမဲ့စရိုက်ဖန်တီးသူ တို့ရန်သူ”၊ “တိုင်းရင်းသားကိုယ်
စားလှယ်များ ပါဝင်ခွင့်ရရှိရေး ဒို့အရေး..” စသည့် လက်ကိုင်ဆောင်ပုဒ်များကို ကိုင်ဆောင်၍
“ဒီမိုကရေစီ ရှင်သန်ခိုင်မာ ရေးဒို့အရေး”၊
“နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဒို့အရေး” ၊“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေး”..ဟူသော
ကြွေးကြော် သံများဖြင့် လူအင်အား (၁၂၀၀) ကျော်တို့က စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါစီတန်းလှည့်လည်
ဆန္ဒဖော်ထုတ်ပွဲကို “ယနေ့နိုင်ငံတော် အစိုးရက အကောင် အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
များအားထောက်ခံ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်
ကာ ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့ ငြိမ်းချမ်းစွာဖြင့်မိမိတို့အနေဖြင့်စုပေါင်း
ကာလူထု ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်”..ဟု အဖွဲ့ခေါင်းဆောင် ဦးစိုင်းအောင်သန်းက ပြောကြားခဲ့ပါသည်။
“..ဒီကနေ့ လူထုဆန္ဒ ဖော်ထုတ်ပွဲကို ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းခံပြီးမှ ကျွန်တော်တို့ဆောင်ရွက်ခြင်းဖြစ်ပါတယ်..၊
နိုင်ငံတော်က ဆောင်ရွက်နေ တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဟာနိုင်ငံ
အတွက်အလွန်အရေးကြီး ပါတယ်။
ဒါကြောင့်ကျွန်တော်တို့
ပြည်သူများက အလွန်လိုလားကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီးပြည်သူတစ်ရပ်လုံးမှာ
အေးချမ်းစွာနဲ့ မိမိတို့ရဲ. အသက်မွေးဝမ်းကျောင်းတွေ ကိုလုပ်ကိုင်နိုင်ပြီး၊ မိသားစုဘ၀ဟာ
ဖွံ့ဖြိုးတိုးတက်လာနိုင်ကြမှာဖြစ်ပါ တယ်..ကျွန်တော်တို့နိုင်ငံကြီးကလည်း သာယာဝပြောတဲ့ဒီမိုကရေ
စီနိုင်ငံတော်ကြီး အမှန်တကယ်ဖြစ်လာစေရန် ရည်ရွယ်ချက် များထားရှိပြီး အခုလိုလူထုဆန္ဒ ကိုဖော်ထုတ်ရခြင်းဖြစ်ပါတယ်”…ဟု
ဦးစိုင်းအောင်သန်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး ဦးစိုင်းသန်းကျော်
(မြို.မိမြို.ဖ) က “ဒီနေ့လူထုဆန္ဒဖော်ထုတ်ခြင်းဟာ..နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေး၊
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံတဲ့အနေနဲ့ ပြုလုပ်တာပဲဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့
ပြည်တွင်းစစ်နှစ်ပေါင်း(၆၀)ကျော်ကြာ ရှည်ခဲ့ပြီဖြစ်ပါတယ်၊ ဘယ်ဘက်ကကျဆုံးတာပဲဖြစ်စေ
ကျွန်တော်တို့ နိုင်ငံသားတွေပဲဖြစ်ပါတယ်..၊ ကျဆုံးသွားသူရဲ.မိသား စုတွေရဲ.လူမှုဘ၀လည်း
ဆုံးရှုံးရပါတယ်။ နိုင်ငံ အတွက် အရွယ်ကောင်းတွေဟာ စစ်ပွဲတွေမှာအချိန်မကုန်ပဲနိုင်ငံနဲ့
လူမျိုး၊ မိသားစုအရေးတွေမှာ ဆောင်ရွက်ရင်း နဲ့ပဲ အချိန်ကုန်စေချင် ပါတယ်။ ဒါကြောင့်
တစ်နိုင်ငံလုံး အပစ်အခတ်အမြန်ရပ် စဲပြီးအေးချမ်း တည်ငြိမ်တဲ့နိုင်ငံကြီးဖြစ်အောင် အမြန်ဆောင်ရွက်ကြဖို့
လူထုရဲ.သဘော ထားကိုအခု လိုဖော်ထုတ်ခဲ့ကြတာဘဲဖြစ်တယ်..” ဟု၎င်းမှပြောကြားခဲ့သည်။
အဆိုပါ လူထုဆန္ဒဖော်ထုတ်သည့်
စီတန်းလှည့်လည် လှုပ်ရှားခဲ့ကြစဉ် ပါဝင်ခဲ့ကြသူများသည် တည်ငြိမ်အေးချမ်းစွာဖြင့် ၄င်းတို့၏
ဆန္ဒများအားဖော် ထုတ်ခဲ့ကြပြီး နံနက်(၉)နာရီတွင် ဆန္ဒပြမှုပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment