ကားတင်သွင်းမှုများ
လောလောဆယ် ရှိနေဆဲပါ။ ဗီယက်နမ်နိုင်ငံတွင် လူဦးရေ ၁ဝဝဝ လျှင် မော်တော်ယာဉ် ၁၄
စီးနှုန်းသာရှိ၏။ မြန်မာနိုင်ငံတွင် လူ ၁ဝဝဝ လျှင် ရှစ်စီးနှုန်းသာရှိသေး၏။
မော်တော်ယာဉ်တင်သွင်းမှုသည် တစ်ပြည်လုံးနှင့် ယှဉ်ပြီး စဉ်းစားရခြင်းဖြစ်၏။
တွက်ချက် ရခြင်းဖြစ်၏။ သို့ဖြင့် ကားတင်သွင်းမှု မူဝါဒများ လတ်တလော မပြောင်းလဲ ဟုသိရ၏။
သို့ဖြင့် ရန်ကုန်မြို့တွင်းတွင် ကားများပြည့်ကျပ်နေသည်မှာ အဆန်းမဟုတ်ပါ။ သဘာဝကျ၏။
မြို့တော် စည်ပင်မှလမ်းများကို ရသလောက် အစွမ်းကုန်ချဲ့ထွင်နေ၏။ တည်ဆောက်နေ၏။
မျက်မြင် ကိုယ်တွေ့မြင်နေရ၍ အကျယ်ချဲ့ ပြောရန်မလိုပါ။
အချို့ယာဉ်မောင်းသူများသည်
အတွေ့အကြုံမရှိကြပါ။ သိပ်မမောင်းတတ်ကြပါ။ ခုထပြီးကားဝယ်၊ ကားဝယ် အမောင်းသင်ပြီး
မောင်းသူများလည်းရှိ၏။ အထူးသဖြင့် ကားကျပ်သည်မှာ တချို့နေရာများတွင် မလိုအပ်ဘဲ
ကားကျပ်ခြင်း သည် စည်းကမ်းမရှိကြတာဖြစ်၏။ ကားမထိုး ရမည့် နေရာတွင် ကားကိုထိုးထား၏။
မရပ်ရမည့် နေရာတွင် ရပ်ထားကြ၏။ သို့ကလို ဖြစ်နေကြ၏။
အဓိကမှာလူတွေအားလုံး
ကားမောင်းသူတွေအားလုံး၊ အားလုံးစိတ်ချမ်းသာချင်လျှင် အားလုံးစည်းကမ်းရှိမှ အဆင်
ပြေမည်။ ကိုယ်ကိုယ်တိုင်လည်း စည်းကမ်းရှိဖို့လိုပါမည်။ လမ်းစည်းကမ်းများကို
သဘောပေါက်ဖို့လိုသည်။ နားလည်ဖို့လို ၏။ အများစုမှာ သိပ်နားမလည်သေးဟု ထင်သည်။
သိလျက်နှင့်စည်းကမ်းကို ဂရုမစိုက်တာလည်းရှိ၏။ စည်းကမ်း ကိုလက်ကိုင်ထား၊ အသုံးချ၊
လေ့ကျင့်၊ ကိုယ်တိုင် ပစ္စည်းဖြစ်ရန်၊ ''အကျင့်ကြီး''ပါနေဖို့လိုပါသည်။
ကိုယ့်လိပ်ပြာ ကိုယ် ရှက်တတ်လျှင် ပိုကောင်းသည်။ ''စည်းကမ်းဟူသည် ပိုသည်မရှိ၊ လိုသည်သာရှိမည်''
ယာဉ်မောင်းလိုင်စင်လွယ် လွယ်ရ၊ ရတဲ့အတိုင်း လွယ်လွယ်မောင်းနေကြသည်ထင်၏။
အဓိကက
ကားများလာ၍ လမ်းပိတ်သည်လည်း ပါဝင်၏။ သို့သော် စည်းကမ်းမဲ့ကြ၍ လမ်းပိတ်သည်မှာလည်း
အလွန်များပါ၏။ ရာခိုင်နှုန်းဖြင့်တွက်ကြည့်လျှင် ရာခိုင်နှုန်း အများကြီးဖြစ်၏။ အားလုံးကားမောင်းသူအချင်းချင်း
တစ်ဦးနှင့် တစ်ဦး နားလည်ပြီး စည်းကမ်းလေးများလက်ကိုင်ထားကြလျှင် ကားစတီယာရင် လက်ကိုင်ကို
လက်လွှတ်မမောင်းကြ သလို လက်ကိုင်ကို ခိုင်ခိုင်မြဲမြဲကိုင်ကြသလို၊
စည်းကမ်းလက်ကိုင်ကို ခိုင်ခိုင်ကိုင်မည်ဆိုပါက သည့်ထက်ပို၍ အဆင်ပြေ သွားမှာပါ။
ဆင်ခြေဖုံးအရပ်တွင်
ကားပါကင် ရှားပါးမှုကြောင့် ရပ်စရာမရှိဖြစ်တတ်၏။ ရတဲ့နေရာအဆင်ပြေသည့်နေရာ
ထိုးထားရ၏။ ရန်ကုန်မြို့တွင်း၌ ပိုဆိုး၏။ ကားပါကင်တစ်ခုမှ မရှိဘဲ အဆောက်အအုံတွေက
အပြည့်ဖြစ်၍ ကားရပ်ရ သည်မှာ ဒုက္ခရောက်၏။ ကားပါကင်တစ်ခုမှမရှိ။ ကားပါကင်သက်သက်
သီးသန့်ရပ်စရာမရှိ။ မြို့ထဲနေသူတင် မဟုတ်၊ မြို့ထဲ လာသူတွေပါ ဒုက္ခရောက်ကုန်၏။ ကားပါကင်ကို
မည်သို့လုပ်ပေးမလဲ မည်သို့ဖြေရှင်းပေးမလဲ။ မြို့ထဲကလူတွေကားထားဖို့
ဘယ်လိုစဉ်းစားကြမလဲ...။ အဖြေရှာပါ။ အဖြေရှိ၏။
အဆင့်မြင့်မင်္ဂလာဈေး၊
မင်္ဂလာမွန်ဈေး၊ ရွှေပြည့်စုံ ဈေးကြီးတို့နှင့်အတူ ''ရွှေမင်္ဂလာဈေးသစ်ကြီး''
မွေးဖွား သန့်စင်လာပြီဟု သိရ၏။ သည်ဈေးသစ်ကြီးသည် ငါးထပ် ရှိ၏။ မြေညီထပ်နှင့်
အပေါ်နှစ်ထပ်တွင် ဈေးဆိုင်ခန်းများဖြင့် ဖွဲ့စည်းထား၏။ အပေါ်ဆုံးသုံးထပ်တွင်
ကားပါကင်များ ပြုလုပ်ထား၏။ ယာဉ်စီးရေ ၄ဝဝ ကျော် ၅ဝဝ နီးပါး ရပ်နား နိုင်သော
ကားပါကင်ဖြစ်၏။ ဈေးတကာဈေးတွင် ကား ပါကင်အထွတ်အထိပ်ဖြစ်သော ဈေးကြီးပါတကား...။
မတ် ၂၅ ရက်က အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဟု သိရ၏။ ကျေနပ်မှုအဖြာဖြာ
ပီတိဝေဆာဖြစ်ရပါ၏။ မြို့ထဲရှိ ဈေးအို၊ ဈေးဟောင်း၊ အဆောက်အအုံဟောင်းများကို
ဖြိုဖျက်၍ ကားပါကင် အများကြီးပါဝင်သည့် အဆောက် အအုံသစ်များဖြင့် အစားထိုးလျှင်
ရနိုင်၏။ ''မြေအုတ်တို့ ပြိုလေရာ၊ ကျောက်ဆစ်၊ ကျောက်သား တို့ဖြင့် တည်ဆောက်ရမည်''
ဆိုသလိုပါပဲ ...။ အလွန်တန်ဖိုးရှိ အဖိုးတန်၊ အမျိုးမှန်အသုံးဝင်သော အဆောက်
အအုံများ ဖြစ်လာပါလိမ့်မည်..။
ရန်ကုန်မြို့နေ
ပြည်သူလူထုသည် သဘာဝရှုခင်း၊ သစ် ပင်ပန်းမာလာများ၊ ဖူးပွင့်ဝေဆာနေသည်များ၊ ကျေးငှက်
သာရကာ များ၏ သာယာနာပျော်ဖွယ်အော်မြည်သံလေး များကို ခံစားချင်ကြ၏။ ငတ်မွတ်နေကြပါ၏။
အာသာ ငမ်းငမ်း တဒင်္ဂဖက်တွယ်ချင် ကြပါ၏။ သည်နေရာများသည် ရှားပါးပစ္စည်းဖြစ်၏။
စိတ်ဖိစီးမှုများ၊ ဘဝအမောများ၊ ထွက်ပေါက်မရှိ ပိတ်လှောင်နေမှုများကို ထွက်ပေါက် ပေးဖြေဖျောက်ချင်ကြ၏။
သို့ဖြင့် တံတားဖြူအင်းလျားကန်ပေါင်၊ မဟာဗန္ဓုလပန်းခြံ-ပြည်သူ့ရင်ပြင်စသည်များကို
မိသားစု များဖြင့် ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်၊ ငွေကုန်ခံလာကြ၏။ ကိုယ်ပိုင်ကား၊
အငှားကားများဖြင့်လာကြ၏။ မကြုံစဖူး ထူးထူးကဲကဲ ပွဲတော်ရက်များ၊ အလည်လာတတ်ကြ၏။ ထူးထူးကဲကဲ
လမ်းတွေပိတ်ကုန်၏။ ဆို့ကုန်၏။ ရပ်စရာနေရာမရှိ။ မရပ်ရ နေရာ သတ်မှတ်ထား၏။
ယာဉ်ထိန်းကယာဉ်စီးဆင်းနိုင် အောင် ရှင်းလင်း၏။ ပါးစပ်က ခရာတရစပ်မှုတ်နေ၏။ မရပ်မနား
မှုတ်နေ၏။ လက်နှစ်ဖက်က သွက်သွက်ဝှေ့ယမ်း၊ လှုပ်ခါ၊ ခြေနှစ်ချောင်းက
ပြေးလွှားခုန်ပေါက်နေရ၏။ ကြာမြင့်စွာ ကျောက်ချထားသောယာဉ်များကို အရေးယူရ၏။
ကရိန်းနဲ့ ဆွဲရ၏။ ပြည်သူစိတ်အနှောင့်အယှက်များဖြစ်ရ၏။ အပျော်လေးတွေပျောက်ကုန်၏။
''ဒါဖြင့် ကျွန်တော် ကျွန်မ တို့ကားကို ဘယ်မှာရပ်ရမလဲ-ကားပါကင်ဘယ်မှာလဲ'' ဟု
မေးကြ၏။ မြန်းကြ၏။ ကားပါကင်မရှိသလို ယာဉ်ထိန်း တွင်အဖြေမရှိ၊ မဖြေတတ်၊ ဤတွင်
''စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ၊ ယာဉ်ထိန်းရှင်းမရသော ယာဉ်ကျောရော စိတ်ပါကျပ်
တည်းမှု'' ဖြစ်ကုန် ပါတော့သတည်း....။
သို့ဖြင့်
ပြည်သူက ယာဉ်ထိန်းကို အမြင်မကြည်၊ မကြည် ဖြူနိုင်။ ရဲနှင့်ပြည်သူ
မကြည်ဖြူဖြစ်ကုန်၏။ မြို့တော်စည်ပင်က ကားပါကင် တည်ဆောက်ပေးရပါမည်။ ပြည်သူက ''ကန့်လန့်ကာရှေ့ထွက်လာသော
ယာဉ်ထိန်း''ကိုသာ မြင်ကြ ပါ၏။ ဥပဒေဖြင့် ထိန်းကျောင်းသူကိုသာ အထင်းသားမြင် ကြ၏။
ကန့်လန့်ကာနောက်ကွယ်က အဖွဲ့အစည်းများကို မမြင် တတ်ကြပါ။ သဘာဝကျပါ၏။ ပုထုဇဉ်တို့၏
အမြင် ဖြစ်ပါ၏။ တာဝန်ရှိသူ အဖွဲ့အစည်းများပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန် လိုပါ၏။
သည်ပြဿနာ၊
သည်လို အဖြေရှာဖြေရှင်းလျှင်ရနိုင်မည် ထင်၏။ ရန်ကုန်တွင် မြေရှားကုန်ပြီ။
ဘေးဘယ်ညာရှေ့ နောက်ချဲ့ထွင်ရန် နယ်ပယ်သစ်၊ ရှာရန်ဖွေရန် အခက်အခဲ
တကာအခက်ခဲဆုံးဖြစ်ကုန်၏။ သည်တော့၊ သည်လိုလုပ်ကြပါ။ အပေါ်အောက် စဉ်းစားပါ။ ဆိုခဲ့ပါ။
''ရွှေမင်္ဂလာ ဈေးသစ်ကြီး'' ကဲ့သို့ မိုးမျှော်အဆောက်အအုံကဲ့သို့ ကားပါကင် အဆောက်အအုံ
ကြီးများကို ဆောက်နိုင်ပါ၏။ ကောင်းကင်ထက်သို့ တက်ချင် သလောက်တက်နိုင်၏။ မြေအောက်
ဆင်းချင်သလောက်ဆင်းနိုင်။ မြေအောက် (Under Ground) ကားပါကင်ကိုလည်း
ထုဆစ်ပုံဖော်ဖန်တီး တည်ဆောက်နိုင် ပါ၏။ ကားဖြင့် တက် ရဆင်းရသည်မှာ
အဆင်ပြေချောမွေ့ပါ၏။
သို့ဖြင့်
အိပ်မက်ထဲက ''ကားပါကင်''မိုးမျှော်အဆောက် အအုံကြီးများကို မျှော်မှန်းတမ်းတရင်း၊
မိဘပြည်သူများ မင်္ဂလာ နှင့်ပြည့်စုံပြီး လိုချင်တာတွေ၊ လုပ်ချင်တာတွေ၊
ဖြစ်ချင်တာတွေ ဆန္ဒအားလုံးပြီးပြည့်စုံ ကုံလုံကြွယ်ဝ နေသည့် ပုံရိပ်များကို မြင်ယောင်ရင်း.....။
ဦးနှောက် ဖြင့် ဥာဏ်မီသဘောက် တွေးတောစဉ်းစားဆင်ခြင်၍ ဖြူစင်ရိုးသားသော
နှလုံးသားဖြင့် အကြံပြုတင်ပြလိုက် ပါရစေ - - - တင်ပြလိုက်ပါ၏။ ။
No comments:
Post a Comment