Thursday, March 5, 2015

လက်ပံတန်းမြို့၌ ထိုင်သပိတ်ပြုလုပ်နေသော အဖွဲ့အား NNER မှ ဒေါက်တာသိန်းလွင်အဖွဲ့ လာရောက်တွေ့ဆုံ




နေပြည်တော် မတ်
လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းတော်ကြီးကျောင်း အနီးရှိ ဓာတ်အားပေး စက်ရုံလမ်း ဆုံ၌ယမန်နေ့က ထိုင်သ ပိတ်ပြုလုပ်နေသော သပိတ် စစ်ကြောင်း အဖွဲ့သည် ယနေ့အထိ ဆက်လက် ပြုလုပ်လျက်ရှိရာ အဆိုပါ သပိတ် စစ်ကြောင်း အဖွဲ့ကို  မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က လူစုခွဲရန် ကြေညာသော်လည်း ဆက်လက် ဆန္ဒထုတ် ဖော်လျက် ရှိသည်။

အဆိုပါ သပိတ်စစ်ကြောင်း အဖွဲ့ထံသို့ NNER မှ ဒေါက်တာသိန်းလွင်နှင့်ဒေါက်တာ ကျော်သူတို့ပါဝင်သော ၁ဝ ဦးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဒေါက်တာသိန်းလွင်နှင့်သပိတ်စစ်ကြောင်း အဖွဲ့နှင့်မတွေ့ဆုံမီ ယနေ့နံနက်ကလည်း လက်ပံတန်းမြို့ မင်းရပ်ရပ်ကွက် GTI ကျောင်း၌ ပဲခူးတိုင်း ဒေသကြီးလုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းနှင့်တွေ့ဆုံဆွေးနွေးပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ယနေ့ ထိုင်သပိတ်ပြုလုပ်နေ သောအဖွဲ့တွင် ဗကသမှ ကျော်ကိုကို အပါအဝင် ကျောင်းသား ၅ဝ၊ ကျောင်းသူ ၁၉ ဦး၊ အရပ်သား/ ပါတီ/အမည်ခံအဖွဲ့မှ ကျား ၃၄၊ ၁၆ ဦးနှင့်သံဃာ ၁၂ ပါး စုစုပေါင်း ၁၃၁ ဦး ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment