Thursday, March 5, 2015

ရန်ကုန်မြို့တွင် အဆင့်မြင့်အမှိုက်သိမ်းယာဉ်များ တိုးချဲ့သုံးစွဲမည်


ရန်ကုန် မတ်
ရန်ကုန်မြို့တော်ကြီးအား သန့် ရှင်း သာယာလှပေပြီး ခေတ်မီ မြို့တော်ဖြစ်ရေး ကြိုးပမ်း ဖော်ဆောင် လျက်ရှိရာ မြို့နယ်များ အတွက် အမှိုက်သိမ်း လုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက် သွားနိုင်ရန် အဆင့်မြင့် အမှိုက်သိမ်း ယာဉ်များ တိုးချဲ့သုံးစွဲ သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

''ရန်ကုန်မြို့တော်ကြီးကို သန့် ရှင်းတဲ့မြို့တော်အဖြစ် ဆောင်ရွက် ရာမှာ အမှိုက်သိမ်းဆည်းလုပ်ငန်းဟာ အရေးကြီးပါတယ်။ ဒါကြောင့် ခေတ် မီအဆင့်မြင့် အမှိုက်သိမ်းယာဉ်တွေ တိုးချဲ့ ဆောင်ရွက်လျက်ရှိရာမှာ အိန္ဒိယနိုင်ငံက မှာယူတင်သွင်းခဲ့တဲ့ အမှိုက်သိမ်းယာဉ် ၁ဝစီး ဖေဖော်ဝါရီ လကုန်ပိုင်းက ပထမအသုတ်အဖြစ် ရောက်ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ အမှိုက်အများဆုံးထွက်တဲ့ မြို့နယ် ၁ဝ ခုမှာ လုပ်ငန်းများစတင်ဆောင် ရွက်လျက်ရှိပါတယ်''ဟု သန့်ရှင်ရေး ဌာနမှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ရန်ကုန်မြို့ တွင်း အမှိုက်သိမ်းဆည်းရေးလုပ်ငန်း ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် အိန္ဒိယနိုင်ငံမှ TATA အမှိုက်သိမ်းယာဉ် ၆၂ စီး ယခုနှစ် အတွင်း တင်သွင်းရန် ဆောင်ရွက် ထားပြီးဖြစ်ရာ ပထမအသုတ်အဖြစ် ၁ဝ စီး စတင်ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ အမှိုက်သိမ်းယာဉ် များသည် လက်ရှိလမ်းမကြီးများ တစ်လျှောက် လိမ္မော်ရောင်အမှိုက် ပုံးများနှင့် အစိမ်းရောင်အမှိုက်ပုံးများ ကို အလွယ်တ ကူသယ်ယူစွန့်ပစ် နိုင်ခြင်းကြောင့် အမှိုက်သိမ်းလုပ်ငန်း ကို လွယ်ကူမြန်ဆန် စွာဆောင်ရွက် လာနိုင်လိမ့်မည်ဖြစ်ကြောင်း သိရ သည်။ လက်ရှိအချိန်တွင် ရန်ကုန် မြို့၌ နေ့စဉ်အမှိုက်တန်ချိန် ၁၆ဝဝ ခန့် ထွက်ရှိလျက်ရှိရာ လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင် အောင် အဆင့်မြင့်အမှိုက်သိမ်း ယာဉ်များ တိုးချဲ့သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment