Thursday, March 5, 2015

ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီးဝင်း အတွင်း သံဃာ့ဒါဆွမ်းခြောက် လောင်းလှူပွဲ ကျင်းပ

ထားဝယ် မတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးဝင်း အတွင်း (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲ တော် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်၊ဘုရားကြီးတောင် ဘက်စောင်းတန်း တော် အသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယင်းဘုရားကြီး ဝင်းအတွင်း၌ ယနေ့နံနက်()နာရီ အချိန် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက်()နာရီအချိန် လောကမာရဇိန်ဘုရားကြီးတောင်ဘက် စောင်းတန်း တော်အသစ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နံနက်()နာရီအချိန် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက်လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ လောကမာရဇိန် ကိုယ်စားတော် ရုပ်ပွားတော် တစ်ဆူနှင့် သံဃာ့(၁၀၈)ပါး၊သီလရှင်(၃၀)ပါး ဆွမ်းခြောက်အလှူခံကြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဘုရားကြီးဂေါပက အထောက် အကူပြုအဖွဲ့ စုစုပေါင်းအလှူရှင်(၁၃၉)ဖွဲ့ လှူဒါန်းကြသည်။

ယင်းနေ့ ညနေ()နာရီအချိန် မြို့နယ်လုံးကျွတ် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပြီး မတ်လ ()ရက်နေ့မှ ()ရက်နေ့ အထိ ဓမ္မပူဇာ တရားပွဲများကို နေ့စဉ်ည()နာရီတိတိ အချိန်ကျင်းပလျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment