Friday, March 6, 2015

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ပုလဲသွယ်စပ်မျိုးစပါး F-1 မျိုးစေ့ထုတ် စိုက်ကွင်းကြီးများနှင့် ကိုရီးယား နိုင်ငံသို့ တန်ချိန် (၅၀၀) တင်ပို့ရန် အတွက် ငရုတ်သီးနှံစိုက်ကွင်းများ စိုက်ပျိုးပြင်ဆင် ဆောင်ရွက်နေ မှုများ ကွင်းဆင်း စစ်ဆေးခြင်း


နေပြည်တော်၊ မတ်(၆)
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် ယနေ့နံနက် (၇)နာရီတွင် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုန်အနီး စက်မှုလယ်ယာစနစ် တဆက် တစပ်တည်း ဧက(၃၀၀၀) စိုက်ကွင်းအတွင်း မြန်မာနယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီမှ ပုလဲသွယ်စပ်မျိုး စပါး F-1 မျိုးစေ့ ထုတ် အဖိုလိုင်း၊ အမလိုင်း စိုက်ကွင်းကြီးများ ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စပ်မျိုးစပါး မျိုးစေ့များကို သိပ္ပံနည်းကျပေါင်စနစ်ဖြင့် ပျိုးထောင်ဖြစ်ထွန်း အောင်မြင်နေသော ပျိုးခင်းကိုလည်းကောင်း၊ တောင်သူ ဦးကျော်ဝင်း၏ တဆက် တစပ်တည်း ပုလဲသွယ် စပ်မျိုးစပါး(၁၀)ဧက စိုက်ကွင်းတွင် ပင်ပွားများ စုံညီဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဝက္ကမူဆည်ရေသောက်၊ Rubber Dam အနီး၌ ကိုရီးယားနိုင်ငံဈေးကွက်သို့ ငရုတ်စို တန်ချိန် (၅၀၀)အား ပထမအသုတ် စီးပွားဖြစ် တင်ပို့ရောင်းချနိုင်ရေးအတွက် တဆက်တစပ် တည်း (၄၀)ဧက စိုက်ပျိုးရန် သိပ္ပံနည်းကျ ပေါင်စနစ်ဖြင့် ပျိုးထောင်ထားရှိသော အရည် အသွေးကောင်း ငရုတ်သီးနှံ ပျိုးခင်းများကို ကြည့်ရှုအားပေး၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ပညာရှင်များအနေဖြင့် စံချိန်စံညွှန်းပြည့်မီပြီး အရည် အသွေး ကောင်းသော မြန်မာကုန် အမှတ်တံဆိပ်ဖြင့် ကိုရီးယား နိုင်ငံဈေးကွက်သို့ ယှဉ်ပြိုင်တင် ပို့နိုင်ရေး အတွက် GAP စိုက်နည်းစနစ်ကို  တောင်သူများ လိုက်နာကျင့်သုံးနိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်သွားရန် လိုအပ် ကြောင်း။
ပထမအကြိမ် တန်ချိန်(၅၀၀) တင်ပို့ပြီးသည်နှင့် ကိုရီးယားနိုင်ငံ ဈေးကွက်၏ တောင်းဆိုချက်အရ ငရုတ်သီးနှံ တန်ချိန်(၁၀၀၀၀) (တစ်သောင်း) တိုးတက်စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရေးအတွက် တဆက်တစပ်တည်း စီးပွား ဖြစ်စိုက်ကွင်းကြီးများအား တောင်သူများ ကိုယ်တိုင်စိုက်ပျိုးလာကြအောင် ဆောင်ရွက်ရန် လိုအပ်ချက် များကို စိုက်ကွင်းများအတွင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အထူး အရည်အသွေးကောင်း ရက်(၁၀၀) သက်တမ်းတို ဂျပန်မူရင်းမျိုး ကိုရှီဟီကာရီ စပါးမျိုးသန့် မျိုးပွား စိုက်ကွင်းသို့ စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးက ဈေးကွက်ခိုင်မာသေချာသည့် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံ ဈေးကွက်သို့ မြန်မာ့ ဆန်စပါး အပါအဝင် မြန်မာ့လယ်ယာ ထွက်ကုန်များကို ဈေးကွက် ယှဉ်ပြိုင် ထိုးဖောက် ရောင်းချ နိုင်ရေး အတွက် သက်ဆိုင် ရာ ဆက်စပ် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စိုက်ပျိုး ထုတ်လုပ်သူများကို ချိတ်ဆက်ပေးပြီး မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ဈေးကွက်၏ ခိုင်မာ သေချာမှု အဆုံးအဖြတ် (Market Access Determine Sustainable Agriculture) အချက်ကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆွေးနွေး မှာကြားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment